သူရဦးရွှေမန်း ကိုယ်စားလှယ်လောင်း အဖြစ်တောင်ငူခရိုင်၌ အမည်တင်သွင်း

သူရဦးရွှေမန်း ကိုယ်စားလှယ်လောင်း အဖြစ်တောင်ငူခရိုင်၌ အမည်တင်သွင်း
ဓာတ်ပုံ - H.E. Thura U Shwe Mann

ဇူလိုင် ၃၀ ရက် ။         ။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဖြူးမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်ရန် ဇူလိုင်လ ၃၀ ရက် တွင် တောင်ငူခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံးသို့ လျှောက်လွှာတင်သွင်းခဲ့ကြောင်းသိရသည်။

USDP မှ ဝင်ရောက် ယှဉ်ပြိုင်မည့် တစ်နိုင်ငံလုံး၏ ကိုယ်စားလှယ်လောင်းများ စာရင်းကို သြဂုတ်လ ၅ ရက်တွင် ထုတ်ပြန်မည်ဟုဆိုသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းများကို ဇူလိုင်လ ၂၀ ရက်မှ စတင်တင်သွင်းနိုင်ပြီး သြဂုတ်လ ၈ ရက်နေ့နောက်ဆုံးဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင်လ ၂၉ ရက်နေ့အထိ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်တင်သွင်းသည့်စာရင်းကိုသာ ဖော်ပြထားသေးပြီး စုစုပေါင်း ၂၂၅ ဦးရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly