ခါးပိုက်နှိုက်ဟု သံသယရှိသူ အဖိုးအိုတစ်ဦးကို ကျိုက်မှော်ဝန်းရေလယ်စေတီဘုရားတွင် ဖမ်းမိ

ခါးပိုက်နှိုက်ဟု သံသယရှိသူ အဖိုးအိုတစ်ဦးကို ကျိုက်မှော်ဝန်းရေလယ်စေတီဘုရားတွင် ဖမ်းမိ

ရန်ကုန်၊ ဧပြီလ ၃ဝ ။            ။ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့၊ ကျိုက်မှော်ဝန်းရေလယ်စေတီဘုရားတွင် ခါးပိုက်နှိုက်ဟု သံသယရှိသူ အသက် ရဝ အရွယ်ခန့်ရှိ အဖိုးအိုတစ်ဦးကို ဧပြီလ ၂၉ ရက်၊ မွန်းလွဲ ၂ နာရီခွဲခန့်အချိန်က ဖမ်းဆီးခဲ့ကြောင်း ကျောက်တန်းမြို့မရဲစခန်းမှ သိရသည်။

အဆိုပါ ကျိုက်မှော်ဝန်းရေလယ်စေတီဘုရားတွင် ဧပြီလ ၂၉ ရက်နေ့က ရေလယ်စေတီဘုရား လှေဆိပ်အတက် အဆင်းမုခ်ဦးတွင် အသက် ရဝ အရွယ်ခန့် ဦးနိုင်အေးကို မသကာင်္၍ ၄င်းလွယ်အိတ်ကို စစ်ဆေးခဲ့ပြီး လွယ် အိတ်အတွင်း ဆင်းကဒ် နှစ်ကဒ်ထည့်ထားသည့် ဆမ်ဆောင်း (SM-E700F) အမျိုးအစား ခဲပြာရောင် ဖုန်းတစ် လုံးနှင့် ဖိုင်အလွတ် နှစ်ခု ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

“ အခု စစ်ဆေးချက်အရတော့ အိတ်က ဇစ်ပွင့်နေတဲ့အတွက် လိုချင်တဲ့စိတ်နဲ့ ယူမိတာလို့ပြောတယ်။ အရင်က ဒီလို နှိုက်ဖူးလားရှိ၊ မရှိဆိုတာကိုတော့ အခြားရဲစခန်းတွေနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ရှိပါတယ်။ ပိုက်ဆံတွေ တော့ မပါပါဘူး။ အမျိုးသမီးတစ်ဦးဆီက ဆမ်ဆောင်းဖုန်းတစ်လုံးပဲ နှိုက်တာပါ။ အမျိုးသမီးကလည်း ဖုန်း တစ်လုံးနှိုက်ခံရတယ်ဆိုတဲ့အကြောင်းပဲ လာတိုင်ကြားတာပါ။ ခုကစစ်ဆေးနေပါပြီ ” ဟု ကျောက်တန်းမြို့မ ရဲစခန်းမှ အမှုစစ်အရာရှိ ဒုရဲအုပ်နေလင်းက ပြောသည်။

အဆိုပါ ဦးနိုင်အေးမှာ ရဲစစ်ဆေးချက်အရ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ကုလားစုကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ၄င်းလွယ်အိတ်အတွင်းမှ တွေ့ရှိသည့်ပစ္စည်းများနှင့် ပတ်သက်၍ စစ်ဆေးမေးမြန်းရာ ပိုင်ဆိုင် ကြောင်း အထောက်အထားမပြနိုင်သဖြင့် ဘုရားလုံခြံုရေးသက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ ကြောင်းသိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဦးနိုင်အေးကို နယ်ထိန်းအရာရှိ ဒုရဲအုပ်နေလင်းက တရားလိုပြုလုပ် တိုင်ကြားခဲ့ပြီး ကျောက်တန်းမြို့မရဲစခန်းမှ (ပ) ၂၈၃/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ-၃၇၉/ကျင့် ၅၄ နဲ့ အမှုဖွင့်စစ်ဆေးနေပြီဖြစ် ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly