MSX ဆိုင်ကယ် အပျော်စီး အဖွဲ့ များ ​ပထမဆုံးအကြိမ်တွေ့ဆုံ

MSX ဆိုင်ကယ် အပျော်စီး အဖွဲ့ များ ​ပထမဆုံးအကြိမ်တွေ့ဆုံ

ပြည်၊ ဧပြီ ၃၀ ။           ။ မြန်မာနိုင်ငံ ဒေသ အချို့မှ MSX ဆိုင်ကယ် အပျော်စီးအဖွဲ့ များသည်​ ပထမဆုံးအကြိမ် ဧပြီ ၃၀ ရက်တွင် ပဲခူးတိုင်း၊ ပြည်ခရိုင် ပြည်မြို့၌ ​တွေ့ဆုံခဲ့ကြသည်။

“ဒီပွဲက တစ်နိုင်ငံလုံးမှာ ပထမဆုံးစလုပ်တာပါ။ MSX Group တွေ တွေ့တာ ဒါပထမဆုံးပဲ”ဟု ပြည် MSX အဖွဲ့ခေါင်းဆောင် ကိုဟန်ထက်ဇော်က ပြောသည်။

 ရန်ကုန်တိုင်း မြို့နယ် အချို့နှင်​့ ၊ ပုသိမ် ၊ ဟသာင်္တ ၊ မကွေးတိုင်း ၊၀မ်းတွင်း ဆိုင်​ကယ်​စီး အဖွဲ့များသည်​ ပြည်​မြို့ ကမ်​းနားလမ်​း ဘူးခါး​မြောင်​း အနီးတွင်​   ပြည်မြို့မှ MSX ဆိုင်ကယ် အဖွဲ့များ  ​တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

အဆိုပါအဖွဲ့သည်​ ဗောတိတစ်​​ထောင်​ ၊ ​ရွှေဘုံသာ ၊ ပရဟိတ​အောင်​​တော်​မူ​စေတီ တို့ကိုသွား​ရောက်​ဖူး​မြော်​မည်​ဖြစ်​ပြီး် ပြည်မြို့ အောင်ဆန်း ရပ်ကွက် မိဘမဲ့ ကလေးများကျောင်းတွင် အဟာရဒါန ကုသိုလ်ကောင်းမှု များပြုလုပ်​ကာ ​မှော်​ဇာပြတိုက်​ နှင်​့ သ​ရေ​ခေတ္တရာ​ရှေး​ဟောင်​းဇုန်​သို့ သွား​ရောက််​လည်​ပတ်ခြင်းများပြုလုပ်ကာ မေလ ၁ ရက်နေ့တွင်ပြန်လည်ထွက်ခွာမည်ဖြစ်သည်။

ပြည်မြို့တွင် MSX ဆိုင်​ကယ်​ အ​ပျော်​စီးအဖွဲ့ သာမက  CB BIKER ၊ SABC ၊ MSC စသည့် အခြားဆိုင်ကယ်စီး အဖွဲ့များလည်း ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly