အိန္ဒိယသမုဒ္ဒရာကျွန်း တွင်လေယာဉ် အပျက်အစီး အပိုင်းစများ မှာပျောက်ဆုံးလေယာဉ် MH370 မှဖြစ်ကြောင်းသေချာ သလောက်ဖြစ်နေဟုဆို

အိန္ဒိယသမုဒ္ဒရာကျွန်း တွင်လေယာဉ် အပျက်အစီး အပိုင်းစများ မှာပျောက်ဆုံးလေယာဉ် MH370 မှဖြစ်ကြောင်းသေချာ သလောက်ဖြစ်နေဟုဆို

စိန့်ဒင်းနစ်၊ ဇူလိုင် ၃၁ ။       ။ အိန္ဒိယသမုဒ္ဒရာရှိ ပြင်သစ်ပိုင် ရီယူနီယန် ကျွန်းပေါ်လာတင်နေ သည့်လေယာဉ် အပျက်အစီး အပိုင်းအစများ မှာပျောက်ဆုံးလေယာဉ် MH370၏ ဘိုးအင်း - ၇၇၇ မှဖြစ်ကြောင်း သေချာသလောက်ရှိနေသည်ဟု မလေးရှားအရာရှိနှင့် လေယာဉ်ကျွမ်းကျင်သူများက ပြောကြားသည်။ ပျောက်ဆုံးလေယာဉ်ရှာဖွေမှုတွင် ယခုတွေ့ရှိမှုက အကြီးကျယ်ဆုံးအောင်မြင် မှုလမ်းစဖြစ်နိုင်သည်။

မလေးရှားစုံစမ်းစစ်ဆေးသူများသည် ဇူလိုင် ၃၁တွင် ရီယူနီယန်တွင် ရှိနေလိမ့်မည်ဟု မျှော်လင့်ရပြီး  တောင်ပံတစ်ခု၏ အစိတ်အပိုင်းဟု လေယာဉ်ကျွမ်းကျင်သူများ ခွဲခြားသိရှိထားသော အရာကို စစ်ဆေးမှုများပြုလုပ်ရန်အတွက် တူလောက်အနီး ပြင်သစ်စစ်ဘက်ဓါတ်ခွဲခန်းတစ်ခုသို့ ပေးပို့မည်ဟု ပြင်သစ်ရဲတပ်ဖွဲ့သတင်းရင်းမြစ်များက ပြောသည်။ လေကြောင်းသမိုင်းတွင် အထူးဆန်းဆုံးကိစ္စ တစ်ခုအဖြစ် မလေးရှားလေကြောင်းလိုင်း၏ MH370 လေယာဉ် ဘိုးအင်း-၇၇၇ သည် လွန်ခဲ့သည့်နှစ် မတ်လက ကွာလာလမ်ပူမှ ပေကျင်းသို့ ပျံသန်းစဉ် ပျောက်ဆုံးသွားခဲ့သည်။ လေယာဉ်ပေါ်တွင် ခရီးသည်နှင့် လေယာဉ်အမှုထမ်း ၂၃၉ ဦးလိုက်ပါသွားခဲ့သည်။

မာဒါဂါစကားကျွန်းနိုင်ငံအနီး အိန္ဒိယသမုဒ္ဒရာရှိ ပြင်သစ်ပိုင် လူ၈၅၀,၀၀၀ခန့်ထိုင်သော ရီယူနီယန်ကျွန်းပေါ်လာတင်သည့် လေယာဉ်အပျက်အစီးအပိုင်းအစကို ဇူလိုင် ၂၉ကတွေ့ရှိခဲ့သည်။ ရီယူနီယန် ကျွန်းသည် သြစတြေးလျကမ်းလွန် အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းမှ ကီလိုမီတာ ၃,၇၀၀ ကာဝေးသည်။

ထိုနေရာတွင် ရှာဖွေမှုများလည်း ပြုလုပ်သည်။ လေယာဉ်အပျက်အစီးမှာ ရေစီးကြောင်းများကြောင့် ထိုနေရာသို့ရောက်ရှိသွားခြင်းဖြစ်နိုင်သည်ဟု မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်က ပြောသည်။

ကျယ်ပြန့်စွာ ပျံ့နှံ့နေသော အပျက်အစီးပုံများကို ကြည့်ရှုခဲ့ကြသည့် လေကြောင်းကျွမ်းကျင်သူများက ၂ဒသမ၅မီတာရှည်သော ၎င်းအပျက်အစီးပုံများမှာ လေယာဉ်ကိုယ်ထည်နှင့်နီးသော flaperon ဟုခေါ်ဆိုသော ရွေ့ရှားတောင်ပံမျက်နှာပြင်တစ်ခုဖြစ်နိုင်သည်ဟု ဆိုသည်။

"ဒီ flaperon ဟာ ဘိုအင်း-၇၇၇က ဆိုတာသေချာသလောက်ပါပဲ"ဟု မလေးရှားဒု-သယ်ယူပို့ဆောင်ရေးဝန်ကြီး အက်ဘ်ဒူအဇစ်က ရိုက်တာသို့ပြောကြားခဲ့သည်။ ထိုအပျက်အစီးဓါတ်ပုံများနှင့် ပတ်သက်၍မူ သုံးသပ်ချက်ပေးရန် ဘိုးအင်းကုမ္ပဏီက ငြင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags