တက္ကဆီသမားကို သံတုတ်ဖြင့်ရိုက်သည့် BM အောက်ဆိုက်ကားသမား ၂ဦးဖမ်းမိ

တက္ကဆီသမားကို သံတုတ်ဖြင့်ရိုက်သည့် BM အောက်ဆိုက်ကားသမား ၂ဦးဖမ်းမိ
 ဓာတ်ပုံ - ဦးညီညီဖေ့ဘွတ်ခ်

ရန်ကုန်၊ ဧပြီ ၂၉ ။               ။ တောင်ဒဂုံ စည်ပင်လမ်းကြီးပေါ်တွင် တက္ကဆီသမားတစ်ယောက်ကို သံတုတ်ဖြင့် ၀ိုင်းရိုက်ခဲ့သည့် BM အောက်ဆိုက်ကားသမား ၄ ဦးအနက် ၂ ဦးကို ဖမ်းဆီးထားကြောင်း တောင်ဒဂုံမြို့မရဲစခန်းမှ သိရသည်။

“ ကားချင်းကျော်တတ်ရင်းနဲ့ စကားများရင်းရိုက်တာပဲ ။ “ပ” နံပတ်ကတော့ (ပ) ၆၀၄ (၁၇) ” ဟု တောင်ဒဂုံရဲစခန်း တာဝန်ကျရဲအရာရှိက ပြောသည်။ မနေ့ည (ဧပြီ ၂၈) ရက် ည၉နာရီခန့်က ဒဂုံတောင်မှ တာမွေသို့ အောက်ဆိုက်ပြေးဆွဲနေသည့် BM ကားသမား ၄ ဦးက ခရီးသည်တင်ဆောင်လာသည့် တက္ကဆီယာဉ်မောင်းတစ်ဦးကို ၀ိုင်းရိုက်ခဲ့ခြင်းဖြစ်သည်။

တက္ကဆီကားသမားအား ကားပေါ်မှဆွဲချပြီး သံတုတ်များနှင့်ရိုက်နှက်ခဲ့ခြင်းဖြစ်ပြီး  သံတုတ်ဖြင့် ၀ိုင်းရိုက်သောကြောင့် ဦးခေါင်းကွဲဒဏ်ရာရှိကာ ဆေးကုသမှုခံယူနိုင်ရန်အတွက် သီရိမင်္ဂလာလူနာတင်ယာဉ် ကို ဖုန်းဆက်အကြောင်းကြားပေးခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ၄င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly