ခြိုးခြံချွေတာရေးပေါ်လစီကို ဆန့်ကျင်သည့် ဆန္ဒပြပွဲဲများ ဘရာဇီးနိုင်ငံ မြို့ကြီးတစ်ချို့တွင် ပေါ်ပေါက်

ခြိုးခြံချွေတာရေးပေါ်လစီကို ဆန့်ကျင်သည့် ဆန္ဒပြပွဲဲများ ဘရာဇီးနိုင်ငံ မြို့ကြီးတစ်ချို့တွင် ပေါ်ပေါက်

ရီယိုဒီဂျနေးရိုး၊ ဧပြီ ၂၉ ။            ။ တိုက်ငယ်အရွယ်ရှိသည့် ဘရာဇီးနိုင်ငံတွင် သမ္မတ မီချယ်တီးမား၏ ခြိုးခြံချွေတာရေးလုပ်ငန်းစဉ်ကို ဆန့်ကျင့်သည့် သမဂ္ဂများ ဦးဆောင်သော တစ်နိုင်ငံလုံးဆိုင်ရာ ဆန္ဒပြမှုများ မြို့ကြီးအချို့၌ ဖြစ်ပွားပေါ်ပေါက်ရာ ပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အမျှင်ပြတ်နေသည်။

စက်ရုံများ၊ လုပ်ငန်းဌာနများနှင့် ကျောင်းများလည်း ပိတ်ထားရလျက်ရှိသည်။

စီးပွားရေးအချက်အချာ ဆော်ပေါလိုမြို့၊ ကမ္ဘာ့လှည့်ခရီးသွားများ အဓိကလာရောက်ရာ ရီယိုဒီဂျနေးရိုးနှင့် အခြားသောစည်ပင်မြို့ပြဧရိယာများတွင် ဆန္ဒပြသူများက တာယာများ စုပုံမီးရှို့၍ အတားအဆီးများပြုလုပ်ခြင်း၊ လေဆိပ်များသို့ သွားရာလမ်းများနှင့် အဝေးပြေးလမ်းများတွင် အတားအဆီးများ ချထားခြင်းများ ရှိနေသည်။

မြို့ကြီးအချို့တွင် ရဲနှင့် ဆန္ဒပြသူများ ထိပ်တိုက်တွေ့သည်။ လေဆိပ်များသို့ ၀င်ရောက်စီးနင်းရန် ကြိုးစားသည့် ဆန္ဒပြသူများကို ရဲက မျက်ရည်ယိုဗုံးနှှင့် ပစ်ခတ်နှိမ်နင်းသည်။

ဧပြီ ၂၈ ရက် ညလယ်မှ စတင်ဖြစ်ပွားသည့် သပိတ်မှောက်မှုများကို ၂၄ နာရီ ဆင်နွှဲသွားရန် များစွာသော အလုပ်သမားများက မျှော်မှန်းထားသည်။

အလုပ်သမားစည်းမျဉ်းစည်းကမ်းများ အားနည်းစေမည့် အငြင်းပွားဖွယ် ဥပဒေပြဌာန်းခြင်းနှှှင့် ပင်စင်သက်ကို တိုးချဲ့ခြင်းတို့ကြောင့် စိတ်ဆိုးဒေါသထွက်ရာမှ ယခုကဲ့သို့ ဆန္ဒပြမှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ထိုပြင် ဆန္ဒပြမှုများကို မေ  ၁ ရက် အလုပ်သမားနေ့အထိ ဆင်နွှဲသွားကြရန်လည်း ရှိနေသည်။

ယခု သပိတ်မှောက်ဆန္ဒပြမှုသည် တစ်နိုင်ငံလုံးအနှံ့ ပျံ့နှံ့ကြီးထွားလာမည်ဆိုပါက ဘရာဇီးနိုင်ငံအတွင်း ဆယ်စုနှစ် နှစ်ခုကျော်အတွင်း ပထမဆုံး အထွေထွေသပိတ်ကြီးတစ်ရပ် ဖြစ်လာပေမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly