သီးနှံစိုက်ဧကလေးသိန်း နီးပါးရေမြုပ်နေ

သီးနှံစိုက်ဧကလေးသိန်း နီးပါးရေမြုပ်နေ

နေပြည်တော်(မဇ္ဈိမ) ။       ။ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများကြော င့် နိုင်ငံအဝှမ်းရှိ တောင်သူဦးကြီးတို့ သီးနှံစိုက်ပျိုးထားသည့် မြေဧကလေးသိန်းနီးပါး(၃၉၅၆၅၆) မှာ ရေမြုပ်နေသည်ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဦးစီးဌာနက ဇူလိုင် ၃၀တွင် ထုတ်ပြန်လိုက်သည်။

စိုက်ပျိုးမြေများရေမြုပ်နေသည့် ဒေသများမှာနေပြည်တော်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊စစ်ကိုင်း၊ ပဲခူး၊ မန္တလေး၊ မကွေးတိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်း တို့ဖြစ်သည်။

"စပါးပင်တွေက အပင်နုရင်တော့ ရေမြုပ်ပြီး တစ်ပတ်၊ ဆယ်ရက်လောက်ပဲ ခံပါတယ်။ အမြစ်ပုတ်သွားတာကိုး" ဟု ဧရာဝတီတိုင်းမှ လယ်သမားကြီးတစ် ဦးက ပြောသည်။

စိုက်ပျိုးမြေများ ေုရမြုပ်နေသည့် ဒေသများအနက် စစ်ကိုင်းတိုင်းနှင့် ပဲခူးတိုင်း တွင် အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းတွင် ၁၁၆၅၀၀ဧကနှင့် ပဲခူးတိုင်းတွင် ၁၀၉၄၀၂ဧကတို့ ရေမြုပ်နေသည်ဟု လယ်/ဆည်က ထုတ်ပြန်ထားသည်။

ပျက်စီးဆုံးရှုံးသွားသော လယ်ယာမြေများအား ပြန်လည်စိုက်ပျိုးနိုင်ရန် မျိုးများရှာဖွေပေးခြင်း၊ ရေကျချိန်၌ ချက်ချင်းစိုက်ပျိုးနိုင်အောင် ထွန်ယက်ပေးခြင်းတို့ လုပ်ဆောင်ရန် ယမန်နေ့ကပြုလုပ်သည့် အမျိုးသား သဘာဝဘေးကာကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီအစည်းအဝေးတွင် သမ္မတဦးသိန်းစိန်က ညွှန်ကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly