လာမည့်ရာသီတွင် ၀င်ဘလေကွင်းကို စပါးအသင်း၏အိမ်ကွင်းအဖြစ် အသုံးပြုမည်

လာမည့်ရာသီတွင် ၀င်ဘလေကွင်းကို စပါးအသင်း၏အိမ်ကွင်းအဖြစ် အသုံးပြုမည်

ဧပြီ ၂၉၊ အင်္ဂလန် ။               ။ စပါးအသင်းသည် လက်ရှိတွင်အိမ်ကွင်းအဖြစ်အသုံးပြုနေသော ၀ိှုက်ဟတ်လိန်းကွင်းကို အဆင့်မြှင့်တင်တိုးချဲ့မည်ဖြစ်သည့် အတွက် လာမည့်ရာသီတွင် ၀င်ဘလေကွင်းကို အိမ်ကွင်းအဖြစ်အသုံးပြုသွားမည် ဖြစ်သည်။

စပါးအသင်းသည် အိမ်ကွင်းဝှိုက်ဟတ်လိန်းကို ပရိသတ် ၆၁၀၀၀ ဆံ့ကွင်းအဖြစ်တိုးချဲ့နေခြင်းဖြစ်သည်။ ထိုကဲ့သို့ ကွင်းကိုပြင်ဆင်မှုများပြုလုပ်သည့်အတွက် ပေါင်သန်း ၈၀၀ ခန့် ကုန်ကျမည် ဖြစ်သည်။

စပါးအသင်းဥက္ကဋ္ဌ လီဗိုင်းက ‘လာမယ့်ရာသီမှာ ၀င်ဘလေကွင်းက ကျွန်တော်တို့ရဲ့အိမ်ကွင်းဖြစ်လာမှာပါ။ ပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးကွင်းတစ်ကွင်းဆီ ပြန်သွားကြမှာပါ။ 
အဲ့ဒီအချိန်ကတော့ စပါးအသင်းရဲ့သမိုင်းမှာ ကွင်းအတွင်းနဲ့ကွင်းအပြင်နှစ်ခုစလုံးမှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံးအချိန်ဖြစ်လာပါလိမ့်မယ်’ ဟု ပြောဆိုခဲ့သည်။

စပါးအသင်းသည် ၀င်ဘလေကွင်းသို့ ပြောင်းရွှေ့ကစားမည်ဖြစ်သော်လည်း ၀င်ဘလေတွင်ကစားခဲ့သည့် စပါးအသင်း၏ရလဒ်များမှာ ကောင်းမွန်ခဲ့ခြင်းမရှိပေ။
စပါးအသင်းသည် ၀င်ဘလေကွင်းတွင် ၁၀ ကြိမ်ကစားခဲ့ရာ နှစ်ပွဲသာအနိုင်ရခဲ့ပြီး တစ်ပွဲသရေကျကာ ရ ပွဲ ရှုံးနိမ့်ခဲ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly