တင်းမာမှုများ မြင့်တက်နေသည့်ကြားက မြောက်ကိုရီးယားက ဖျက်အားပြင်းဒုံးကျည် စမ်းသပ်ပြန်

တင်းမာမှုများ မြင့်တက်နေသည့်ကြားက မြောက်ကိုရီးယားက ဖျက်အားပြင်းဒုံးကျည် စမ်းသပ်ပြန်

ပြံုယမ်း၊ ဧပြီ ၂၉ ။               ။ မြောက်ကိုရီးယားနိုင်ငံသည် ဖျက်အားပြင်းဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်လွှတ်လိုက်ကြောင်း တောင်ကိုရီးယားနှင့် အမေရိကန်စစ်တပ်တာဝန်ရှိသူများက ဆိုသည်။

အဆိုပါ ဒုံးကျည်က ပစ်လွှတ်ပြီး စက္ကန့်ပိုင်းအတွင်း ပေါက်ကွဲခဲ့ပုံရကြောင်း တောင်ကိုရီးယားစစ်ပတ်ကို ကိုးကားလျက် ယွန်ဟတ်သတင်းက ဖော်ပြသည်။ အမေရိကန်စစ်တပ်ကလည်း ယင်းဒုံးကျည်က မြောက်ကိုရီးယားပိုင်နက်အတွင်းကပင် ထွက်သွာခြင်းမရှိကြောင်း ဆိုသည်။

ဧပြီ ၂၉ ရက် အစောပိုင်းအချိန်တွင် South Pyeongan ပြည်နယ် ပစ်လွှတ်ရာစခန်းတစ်ရပ်မှ ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်လိုက်ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားက ပြောသည်။

ပစ်လွှတ်ခဲ့သည့် ဒုံးကျည်အမျိုးအစားကို မသိရသေးပေ။

“ခုဒုံးကျည်ပစ်လွှတ်လိုက်တာက မြောက်ကိုရီးယားအနေနဲ့ တရုတ်ရဲ့ သဘောထားကို အလေးမထားတာပါပဲ။ ဆိုးဝါးတယ်။”ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တွစ်တာတွင် ရေးလိုက်သည်။
မြောက်ကိုရီးယားဖက်ကမူ ယခုအချိန်အထိ မည်သည့်အသံမျှ ဖွင့်ဟခြင်း မရှိသေးပေ။

မြောက်နှှင့် တောင် ကိုရီးယားနှစ်နိုုင်ငံစလုံး၏ အပြိုင်စစ်ရေးလေ့ကျင့်မှုများနှင့်အတူ ဒေသတွင်း တင်းမာမှုများက မြင့်မားလျက်ရှှိနေသည်။

မြောက်ကိုရီးယားနိုင်ငံသည် အသေးစားနျူကလီးယားထိပ်ဖူးများကို ထုတ်လုပ်ရန်် အကြိမ်ကြိမ်ကြိုးစားလျက်ရှိပြီး ယင်းနျူကလီးယားထိပ်ဖူးကို အမေရိကန်သို့ ရောက်ရှိစွမ်းသည့် တာဝေးပစ်ဒုံံးကျည်တွင် တင်ဆောင်ပစ်လွှတ်နိုင်ရေး ကြိုးပမ်းလျက်ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly