ကွယ်လွန်သူ Silence of the Lambs ဒါရိုက်တာဂျိုနသန်ဒမ်မီအား အနုပညာရှင်များ ရည်းစူးဂုဏ်ပြု

ကွယ်လွန်သူ Silence of the Lambs ဒါရိုက်တာဂျိုနသန်ဒမ်မီအား အနုပညာရှင်များ ရည်းစူးဂုဏ်ပြု

အော်စကာဆုရရုပ်ရှင် Silence of the Lambs တွင် မကြာသေးခင်ကမှ ကွယ်လွန်သွားခဲ့သော ဒါရိုက်တာ ဂျိုနသန်ဒမ်မီနှင့်အတူ လက်တွဲခဲ့ဖူးသော သရုပ်ဆောင်များဖြစ်သည့် ဂျိုဒီဖော်စတာနှင့် ဆာအန်သိုနီဟော့ပ် ကင်း တို့က ဂျိုနသန်အား ရည်စူးဂုဏ်ပြုခဲ့ကြသည်။

ဂျိုနသန်၏ ကွယ်လွန်မှုသည် သူမကိုဝမ်းနည်းပူဆွေးစေခဲ့ကြောင်း ဖော်စတာကပြောကြားခဲ့သလို ဆာအန်သိုနီ ကလည်း ဂျိုနသန်အား အကောင်းဆုံးသော လူတစ်ဦးအဖြစ် အမှတ်ရနေမှာဖြစ်ကြောင်း ပြောခဲ့သည်။

မင်းသမီးကြီး မာလီစတရိပ်ကလည်း ဂျိုနသန်ကွယ်လွန်ခြင်းသည် ရုပ်ရှင်လောကအတွက် ကြီးမားသောဆုံးရှုံးမှု တစ်ခုဖြစ်ကြောင်းနှင့် ဂီတပညာရှင် ဒေးဗစ်ဘာနီကလည်း ဂျိုနသန်သည် စေ့ဆော်ပေးနိုင်သောသူတစ်ဦးဟု ပြောခဲ့သည်။

ဂျိုနသန်ဒမ်မီသည် ပြီးခဲ့သော ဗုဒ္ဓဟူးနေ့တွင် အစာပြွန်ကင်ဆာရောဂါကို ကုသနေစဉ်အတောအတွင်း ထပ်တိုး လာသော ရောဂါကြောင့် အသက် ရ၃ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ရသည်။

သူသည် Silence of the Lambs ဇာတ်ကားကို ဒါရိုက်တာအဖြစ်ရိုက်ကူးရင်း အော်စကာဆုပေးပွဲ၌ အကောင်း ဆုံး ဒါရိုက်တာဆုကို ဆွတ်ခူးနိုင်ခဲ့သလို အဆိုပါဇာတ်ကားသည် ဖော်စတာနှင့် ဟော့ပ်ကင်းတို့၏ သရုပ်ဆောင် ချက်များကြောင့် အကောင်းဆုံးဇာတ်ကားဆုနှင့် ဇာတ်ညွှန်းဆုတို့ကိုပါ ဆွတ်ခူးနိုင်ခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly