ရိုးမားအသင်းမှ မပြောင်းရွှေ့ခဲ့သည့်အတွက် နောင်တရမိကြောင်း ဒီရော့စီ ဖွင့်ဟ

ရိုးမားအသင်းမှ မပြောင်းရွှေ့ခဲ့သည့်အတွက် နောင်တရမိကြောင်း ဒီရော့စီ ဖွင့်ဟ

ဧပြီ ၂၈၊ အီတလီ ။              ။ ရိုးမားအသင်းမှ ပြောင်းရွှေ့ခြင်းမပြုမိခဲ့သည့်အတွက် နောင်တရမိကြောင်း အီတလီလက်ရွေးစင်ကစားသမား ဒီရော့စီက ပြောဆိုုလိုက်သည်။

အသက် ၃၃ နှစ်အရွယ်ရှိ ဒီရော့စီသည်ရိုးမားအသင်းအတွက် ၁၆ နှစ်ကြာကစားခဲ့သူဖြစ်ပေါင်း ပွဲပေါင်း ၅၅၀ ကစားပေးထားသည်။

ဒီရော့စီ၏ လက်ရှိစာချုပ်မှာ ယခုနှစ်ရာသီအကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ချယ်လ်ဆီးအသင်းက စိတ်ဝင်စားနေသော်လည်း ဒီရော့စီမှာ ရိုးမားနှင့်သာ ဆက်လက်စာချုပ် ချုပ်ဆိုဖွယ်ရှိနေသည်။

‘‘စာချုပ်သစ်အတွက် မကြာခင်မှာ အသင်းနဲ့တွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။ လောလောဆယ်မှာတော့ ဒီကိစ္စကို မစဉ်းစားချင်သေးပါဘူး။ ဒီအသင်းမှာတော့ ဆက်ကစားသွားလိုပါတယ်။ အဲ့ဒါက သံသယရှိစရာမလိုပါဘူး။ မနှစ်ကလို ဒဏ်ရာရရှိခဲ့တယ်ဆိုရင်တော့ အနားယူဖို့ စဉ်းစားမိမှာပါ။ ပြီးရင် မိသားစုနဲ့ ကမ္ဘာပတ်ပါမယ်။ ကျွန်တော့်ကစားသမားဘဝမှာ နောင်တရမိတဲ့ တစ်ခုတည်းသောအကြောင်းကတော့ အင်္ဂလန်နဲ့စပိန်လိုနိုင်ငံတွေမှာ အတွေ့အကြုံအသစ်တွေ မရှာဖွေနိုင်ခဲ့တာပါပဲ။ အခြားနိုင်ငံတွေမှာ ဘယ်လိုနေထိုင်ကြတယ်ဆိုတာကို ကျွန်တော်သိချင်ပါတယ်’’ ဟု ဒီရော့စီက ပြောဆိုခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly