ရန်ကုန်-ဒလ ကူးတို့ဆိပ်ကို အဆင့်မြှင့်တင်သွားမည်

ရန်ကုန်-ဒလ ကူးတို့ဆိပ်ကို အဆင့်မြှင့်တင်သွားမည်

ရန်ကုန်၊ဧပြီ၃၀ ။           ။ ရန်ကုန်-ဒလ ကူးတို့ဆိပ်ဖြစ်သည့် နန်းသီတာဆိပ်ကမ်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဧပြီလ ၂၇ ရက်တွင် ပြောသည်။

ယနေ့ ဧပြီလ ၂၈ ရက်တွင် ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ပြောခဲ့ခြင်းဖြစ်သည်။

ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစံကျော် (ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ) ၏ ရန်ကုန်-ဒလ ကူးတို့ဆိပ်ကို အဆင့်မြှင့်တင်ရန် အစီအစဉ် ရှိမရှိ မေးမြန်းချက်အပေါ် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ အဆင့်မြှင့်ရာတွင် ဆိပ်ခံတံတားများ ခိုင်ခံ့မှု ရှိစေရေး၊ သန့်စင်ခန်းများနှင့် ဆိပ်ကမ်း အတွင်း အပြင် ပြင်ဆင်မှုများ ပါဝင်မည် ဖြစ်သည်ဟု သိရသည်။

အဆိုပါ ဆိပ်ကမ်းကို အဆင့်မြှင့်တင်ရန် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် အသေးစိတ် ရေးဆွဲသွားမည် ဖြစ်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly