တရုတ်ကို ဆန့်ကျင်ခြင်းက ကူရာမဲ့အဖြစ်မျိုးဟု ဒူတာတေးပြော

တရုတ်ကို ဆန့်ကျင်ခြင်းက ကူရာမဲ့အဖြစ်မျိုးဟု ဒူတာတေးပြော

အာဆီယံ၊ ဧပြီ ၂၈ ။         ။ တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားရေပြင်တွင် တရုတ်၏ လူလုပ်ကျွန်းများ တည်ဆောက်နေခြင်းက ရပ်တန့်လိမ့်မည်မဟုတ်ခြင်းကြောင့် ဆန့်ကျင်ကန့်ကွက်စရာ မမြင်ကြောင်း ဧပြီ ၂၇ ရက်က ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ပြောလိုက်သည်။

ယခုသီတင်းပတ် အာဆီယံထိပ်သီးအစည်းအဝေး မတိုင်ခင် ဒူတာတေးက ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်ကာ မဟာဗျူဟာအရေးပါသော ရေပြင်တွင် တရုတ်၏ ခြေဆန့်မှုများကို ဖိအားပေးရန်အတွက် ယခုထိပ်သီးအစည်းအဝေးကို အသုံးချလိမ့်မည်လည်း မဟုတ်ကြောင်း ၎င်းကအတည်ပြုဆိုသည်။

“ဒါက အရေးကိစ္စတစ်ရပ် မဖြစ်နိုင်ဘူး။ ကိုယ့်ဖက်က ဘာမှမလုပ်နိုင်ရင် ဒါကို ဆွေးနွေးဖို့ ဘာအတွက် လုပ်နေရမှာလဲ။”ဟု သတင်းထောက်များအား ဒူတာတေးက ဆိုသည်။

တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နှင့် အခြားသောနိုင်ငံများက ၎င်းတို့ပိုင်အဖြစ် အခိုင်အမာဆိုထားသော ရေပြင်ဧရိယာများတွင် သန္တကျောက်တန်းများနှင့် ပင်လယ်သောင်ပြင်များကို လူလုပ်ကျွန်းများအဖြစ်သို့ ဖန်တီးတည်ဆောက်လျက်ရှိပြီး စစ်ရေးဆိုင်ရာအတွက်လည်း အသုံးချလျက်ရှိနေသည်။

တရုတ်၏ အဆိုပါလုပ်ဆောင်ချက်များအပေါ် အမေရိကန်က ဝေဖန်လျက်ရှိပြီး နှစ်စဉ်ကုန်သွယ်ရေးဖြတ်သန်းမှု အမေရိကန်ဒေါ်လာ ၅ ထရီယံရှိသည့် ယင်းရေပြင်နယ်ပယ်တွင် စစ်ရေးဆောင်ရွက်ချက်များကို သတိပေးထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly