ကိုရီးယား ဇာတ်လမ်းတွဲ “Cheese In The Trap” တွင် ပါဝင်သရုပ်ဆောင်ရန် မင်းသမီး Kim Go Eun ဆုံးဖြတ်

ကိုရီးယား ဇာတ်လမ်းတွဲ “Cheese In The Trap” တွင် ပါဝင်သရုပ်ဆောင်ရန် မင်းသမီး Kim Go Eun ဆုံးဖြတ်

ကိုရီးယား ဒရာမာဇာတ်လမ်းတွဲ “Cheese in the Trap” တွင် ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ပေးရန် ကမ်းလှမ်းလာမှှုကို ပယ်ချခဲ့သော မင်းသမီး Kim Go Eun သည် ယခုအခါ တွင် ထိုဇာတ်လမ်းတွဲ၌ ပါဝင်သရုပ်ဆောင်ရန် လက်ခံလိုက်ပြီ ဖြစ်သည်။

ထို ဒရာမာ ဇာတ်ကားထဲတွင် မင်းသားအပေါ် ချစ်ခင်စွဲလမ်းသွားသော သံသယဝါဒီ ကောလိပ် ကျောင်းသူ Hong Seol အဖြစ် သရုပ်ဆောင်ပေးရေးကို မင်းသမီး Kim Go Eun က လက်ခံလိုက်ခြင်းဖြစ် သည်။

အဆိုပါ ကမ်းလှမ်းလာမှှုကို မင်းသမီး Kim က အနည်းဆုံး နှစ်ကြိမ် ပယ်ချခဲ့သော်လည်း ဒါရိုက်တာက ထပ်မံကမ်းလှမ်းခဲ့ရာ ယခုအခါတွင် Kim က လက်ခံလိုက်ခြင်း ဖြစ်သည်။

ယခင် ကမ်းလှမ်းမှှုများကို မင်းသမီး Kim က ပယ်ချခဲ့ခြင်းမှာ ဇာတ်ကားရိုက်ရက် အချိန်ဇယား အဆင်မပြေခြင်းကြောင့်ဖြစ်ကြောင်း မင်းသမီး Kim ၏ အေဂျင်စီမှ ကိုယ်စားလှယ် တစ်ဦးက ကိုရီးယား မီဒီယာ Joongang Daily ကို ပြောပြသည်။

ထို့နောက် ဒါရိုက်တာ Lee Yoon Jung သည် ဇာတ်ကားရိုက်ရက် အချိန်ဇယားကို ပြန်လည် ပြင်ဆင်ရေးဆွဲကာ မင်းသမီးအား ထပ်မံကမ်းလှမ်းခဲ့ကြောင်း သိရသည်။

“အဲဒီ ဒရာမာမှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် Go(မင်းသမီး Kim Go Eun) က နောက်ဆုံး မိနစ်မှာ ဆုံးဖြတ်လိုက်တာပါ” ဟု ကိုယ်စားလှယ်က ဆိုသည်။

ဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်ရေးကို မင်းသမီး Kim Go Eun က လက်ခံလိုက်သည့် အတွက် သူဝမ်းသာမိကြောင်း ဒါရိုက်တာ Lee Yoon Jung က ကိုရီးယား မီဒီယာ Dispatch ကို ပြောသည်။

“Kim Go Eun ဟာ ဘယ်လို ဇာတ်ကောင်စရိုက်ကိုမဆို သရုပ်ဆောင်နိုင်စွမ်း ရှိပါတယ်။ ဇာတ်ကောင်စရိုက်နဲ့ မင်းသမီးရဲ့ သန့်ရှင်းကြည်လင်တဲ့ ဆွဲဆောင်မှှုကို ပေါင်းစပ်လိုက်မယ်ဆိုရင် ကြီးကျယ်ပြောင်မြောက်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ဒါရိုက်တာ Lee Yoon Jung က ပြောသည်။

ထို ဒရာမာ ဇာတ်လမ်းတွဲမှာ မင်းသမီး Kim Go Eun အတွက် ပထမဆုံး ရုပ်သံဇာတ်လမ်းတွဲ ဖြစ်သည်။ မင်းသမီး Kim Go Eun သည် ယခင်က ရုပ်ရှင်များအတွက်သာ သရုပ်ဆောင်ခဲ့သူဖြစ်ပြီး “A Muse” နှင့် “Coin Locker Girl” ဇာတ်ကားများဖြင့် ထင်ရှားသူ ဖြစ်သည်။

Ref: KDrama Stars

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly