ဧပြီ ၂၈၊ လီဗာပူးလ်။ ။ လီဗာပူးလ်အသင်းသည် အသင်းခေါင်းဆောင်ဟောင်းဖြစ်သူ စတီဗင်ဂျရတ်ကို ယူ-၁၈ အသင်းနည်းပြအဖြစ်တာဝန်ပေးလိုက်သည်။
အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းသည် နေးလ်ခရစ်ချ်လေ၏နေရာတွင် အစားထိုးတာဝန်ယူရခြင်းဖြစ်ပြီး ခရစ်ချ်လေသည် ယူ-၂၃ အသင်းကို ပြောင်းလဲတာဝန်ယူမည်ဖြစ်သည်။
လီဗာပူးလ်အတွက် ရ၁၀ ပွဲကစားခဲ့သည့် ဂျရတ်က လမ်းများပေါ်မှာကစားသမားများကိုသဘောကျသော်လည်း ယင်းတို့မှာ စီရော်နယ်ဒိုပုံစံမျိုးဖြစ်အောင် အလွန်အကျွံကြိုးစားလွန်းနေကြသည်ဟု ပြောသည်။
“ကိုယ့်ကိုယ်ကိုယ်ပြန်မေးရမှာက ကိုယ့်အားသာချက်ကဘာလည်း၊ အားနည်းချက်တွေကို ဘယ်လိုပြင်မလဲဆိုတာပါ။ ကလေး အတော်များများက ဘောလုံးစွမ်းရည်ချည်းပဲပြဖို့လိုတယ်လို့ ထင်နေကြပါတယ်။
ဘောလုံးစွမ်းရည်နဲ့ ပါရမီကို ကျွန်တော်တို့အားလုံးသဘောကျကြပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲရဲ့အခြားတစ်ဖက်က သိပ်ကို ကျယ်ပြန့် လွန်းပါတယ်”ဟု ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကို ပိုမိုအသားပေးလိုပုံရသည့် ဂျရတ်က ပြောသည်။
ဂျရတ်သည် ကစားသမားဘဝတွင် လီဗာပူးလ်အသင်းအတွက် ၁၈၆ ဂိုးသွင်းနိုင်ခဲ့ပြီး ၂၀၀၅ ခုနှစ် ချန်ပီယံလိဂ်ဖလားအပါအဝင် အဓိကဆုဖလား ရှစ်လုံးရအောင် ကူညီပေးနိုင်ခဲ့သည်။
Ref; BBC