ဒမတ်စကပ်မြို့ လေဆိပ်အနီး ကြောက်မက်ဖွယ် ပေါက်ကွဲမှုကြီးဖြစ်၊ အစ္စရေးတို့ တိုက်ခိုက်မှုဟု ဟစ်ဇ်ဘိုလာ စွပ်စွဲ

ဒမတ်စကပ်မြို့ လေဆိပ်အနီး ကြောက်မက်ဖွယ် ပေါက်ကွဲမှုကြီးဖြစ်၊ အစ္စရေးတို့ တိုက်ခိုက်မှုဟု ဟစ်ဇ်ဘိုလာ စွပ်စွဲ

ဧပြီ ၂၈ ။                ။ ဆီးရီးယားနိုင်ငံ ဒမတ်စကပ်မြို့က နိုင်ငံတကာလေဆိပ်အနီးမှာတော့ ယနေ့ ဧပြီလ ၂၇ ရက် နံနက်ပိုင်းမှာ ကြီးမားတဲ့ ပေါက်ကွဲမှုကြီးတစ်ရပ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ပေါက်ကွဲမှုက တော့ အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှု ဖြစ်နိုင်ကြောင်း လက်ဘနွန် စစ်သွေးကြွအုပ်စု ဟစ်ဇ် ဘိုလာတို့ကတော့ တီဗီချန်နယ်ကနေတဆင့် စွပ်စွဲပြောကြားသွားပါတယ်။

  " ဧပြီလ ၂၇ ရက်မနက် အာရုဏ်တက်ချိန်က ဒမတ်စကပ် နိုင်ငံတကာလေဆိပ်အနီးက ဂိုဒေါင်တစ်ခုနဲ့ ဆီသိုလှောင်ကန်တွေမှာ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ခဲ့တယ်လို့ သိရပါတယ်၊ ဒါဟာ အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုတစ်ခု ဖြစ်နိုင်ပါတယ်" လို့ အဆိုပါ တီဗီ ချန်နယ်က ထုတ်ဖော် တင်ပြသွားပါတယ်။

  ယင်းပေါက်ကွဲမှုကြီးကြောင့် လူအသေအပျောက်မရှိခဲ့ဘဲ အရာဝတ္ထုပစ္စည်းတွေသာ ထိခိုက်ဆုံး ရှုံးခဲ့တယ်လို့လည်း သိရပါတယ်။

 သမ္မတအာဆတ်ဦးဆောင်တဲ့ ဆီးရီးယားအစိုးရရဲ့ အနီးကပ်ဆုံး မဟာမိတ် ဟစ်ဇ်ဘိုလာတို့ရဲ့ စွပ်စွဲချက်ထွက်ပေါ်ပြီး ယင်းကိစ္စမှာ ပါ၀င်ပတ်သက်ခဲ့ခြင်းရှိမရှိ အတည်ပြုပြောကြားဖို့ အစ္စရေးတို့က ဲ ငြင်းဆန်သွားခဲ့ပါတယ်။

ဆီးရီးယားမှာတော့ သမ္မတ ဘာရှာ အယ်လ် အာဆတ်အစိုးရကို သစ္စာခံတဲ့ တပ်တွေနဲ့ အစ္စလ မ္မစ်သူပုန်တပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာပဲ ယခုဖြစ်စဉ် ပေါ်ပေါက်လာခဲ့တာလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly