ICRC မှ ဘူးသီးတောင်အကျဉ်းထောင်သို့ သွားရောက်လေ့လာ

ICRC မှ ဘူးသီးတောင်အကျဉ်းထောင်သို့ သွားရောက်လေ့လာ
ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ

ဧပြီ ၂၇၊ ။          ။ ရခိုင်ပြည်နယ်၊ အကျဉ်းဦးစီးဌာန ဘူးသီးတောင်အကျဉ်း ထောင်သို့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီ(ICRC)မှ အဖွဲ့ဝင် ၁၀ ဦးတို့သည် ဧပြီ ၂၆ ရက် နံနက် ၈ နာရီတွင်  သွားရောက်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်သည်။

အဆိုပါအဖွဲ့သည်အကျဉ်းထောင်တွင် အကျဉ်းသား၊ အကျဉ်းသူများ ထားရှိမှု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ထောင်ဝင်စာ တွေ့ဆုံပေးမှု၊ အိမ်နှင့်စာဆက်သွယ်ရေးသားပေးပို့မှု၊ နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူနှင့်(ဧည့်အချုပ်သား) ထိန်းသိမ်းထားရှိမှု၊ သက်ငယ် အချုပ်သားများအား ထိန်းသိမ်းထားမှုတို့အား မေးမြန်းခဲ့သည်။ ထို့ပြင် အကျဉ်းထောင်အတွင်း လှည့်လည်ခြင်း ၊ အကျဉ်းသားများနှင့် တွေ့ဆုံခြင်းများ ပြုလုပ်ခဲ့သည်။

ICRC အဖွဲ့ သည် အကျဉ်းထောင်အတွင်းရှိ အကျဉ်းသားအိပ်ဆောင် (၁၊၂၊၃၊၄)၊ဆေးရုံဆောင်၊ စားဖိုကြီး၊ အမျိုးသမီးအိပ်ဆောင်၊  ပြစ်ဒဏ်တိုက်နှင့်သီးသန့်တိုက်တို့အား လှည့်လည်ကြည့်ရှုခဲ့ကြ သည်။ နေ့လည်ပိုင်းတွင် အဖွဲ့ ၄ ဖွဲ့ခွဲ၍ အကျဉ်းထောင်အတွင်း ထပ်မံဝင်ရောက်လေ့လာကြသည်။

အဖွဲ့ ၁ သည် အမှတ် ၂ အကျဉ်းသားအိပ်ဆောင်မှ အိုဖ်နာတာ(ခ) ရှော်ဖီအူလာနှင့် အာလီအာမောက် တို့ကိုလည်းကောင်း၊အဖွဲ့ ၂ သည် အကျဉ်းသား တင်မျိုးဆွေနှင့်အမှတ် ၃ အကျဉ်းသားအိပ်ဆောင်မှူး လက်ထောက်ကြီးကြပ်ရေးမှုး(၁)ချစ်ကိုကို တို့ကို လည်းကောင်း တွေ့ဆုံခဲ့သည်။

အဖွဲ့ ၃ သည် အကျဉ်းသားအိပ်ဆောင်(၁၊၂၊၃၊၄)ရှိ အကျဉ်းသားအချုပ်သားများအား ICRC နှင့်ပတ်သက်၍ အသိပေးခဲ့သည်။ အဖွဲ့ ၄ သည် အမှတ် ၁ အကျဉ်းသားအချုပ်သား အိပ်ဆောင်တာဝန်ကျ အကျဉ်းထောင်တပ်သား ဆန်းဝင်းထွန်းနှင့်တွေ့ဆုံ၍ အချုပ်သား ဆာဒက်ဟူဆိန်း၊ဆွေယော့နု၊ဇူအာလောင်၊အီမာန်ဟူဆောင်းနှင့်အာမိန်ဟူဆောင်းတို့ ၅ ဦးအား တွေ့ဆုံခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly