လာမည့် မိုးရာသီ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရန် ရန်ကုန်မြို့တွင်း ဆောင်ရွက်နေပြီ

လာမည့် မိုးရာသီ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရန် ရန်ကုန်မြို့တွင်း ဆောင်ရွက်နေပြီ

လာမည့် မိုးရာသီတွင် ရေကြီးရေလျှံမှုတွေ မဖြစ်ပေါ်စေရန်နှင့် ချောင်းများ၊ မြောင်းများတွင် ရေစီးရေလာကောင်းမွန်ရေးအတွက် အမှိုက်ဆယ်ယူမှုတွေ၊ မြောင်းဖော်ရှင်းလင်းမှုတွေကို ရန်ကုန်မြို့တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေးဌာနက ဆောင်ရွက်နေပြီဖြစ်သည်။ 

မိုးဦးကျကာလမတိုင်ခင်အထိခရိုင် ၄ခုတွင် တစ်ပြိုင်တည်းဆောင်ရွက်နေခြင်းဖြစ်သည်။

"ဒီလိုပိတ်ဆို့နေတာကိုရှင်းလင်းတဲ့အတွက် မိုးရာသီမှာ ရပ်ကွက်အတွင်း ရေကြီးရေလျှံမှုဟာသက်သွားမှာဖြစ်ပါတယ်" ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်းထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန လက်ထောက်ဌာနမှူး ဦးဇော်ဝင်းနိုင်ကပြောသည်။

ဧပြီလ ၂၇ ရက်တွင် အဓိက မြစ်ထွက်ပေါက်ထဲကတစ်ခုဖြစ်သည့် မရမ်းကုန်းမြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်ကို ဖြတ်သန်းစီးဆင်းနေသည့် အုတ်ပုံဆိပ်ချောင်းကို ရှင်းလင်းဆောင်ရွက်ခဲ့သည်။ ယခုဆောင်ရွက်မှုအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအပြင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေကပါ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

"ပြည်သူတွေအမှိုက်ကိုစနစ်တကျ ပစ်တက်လာအောင် မိမိရဲ့တစ်ကိုရည် သန့်ရှင်းရေးနဲ့ ကျန်းမာရေးအတွက် အဓိကဖြစ်တယ်ဆိုတာကို ပညာပေးဆောင်ရွက်နိုင်ဖို့အတွက် အမတို့လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဆောင်ရွက်နိုင်ဖို့ ကြိုးစားနေတယ်" လို့ မရမ်းကုန်းမဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်မိုးမိုးစုကြည်ကပြောသည်။
 
ရေမြောင်းသန့်ရှင်းရေးအတွက် မိုးဦးမကျမီအထိ တစ်ပတ်လျှင် ၅ ရက် ဆောင်ရွက်သွားမည် ဖြစ်ပြီး မိုးရာသီကာလအတွင်း ပြန်လည်ပိတ်ဆို့ပါကလည်း ချက်ချင်းရှင်းလင်း ဆောင်ရွက်ပေးသွားမည်ဟုဆိုသည်။

ရေမြောင်းအတွင်း လိုက်လံဖယ်ရှားရာတွင် ခရိုင် ၄ခရိုင်အတွက် လူအင်အား တစ်ရာနီးပါးသုံးကာ ဆောင်ရွက်နေသလို စက်ယန္တာယားများဖြင့်ပါ ဆယ်ယူရှင်းလင်းနေသည်ဟု သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly