သူမ၏အလှအား ဆောင်းဟေကိုနှင့် နှိုင်းယှဉ်ခဲ့ပြီး ထင်ပေါ်ကျော်ကြားမှုမှာ ယာယီသာဖြစ်ကြောင်း ပြောခဲ့သည့် ပါ့ခ်ဘိုယောင်း

သူမ၏အလှအား ဆောင်းဟေကိုနှင့် နှိုင်းယှဉ်ခဲ့ပြီး ထင်ပေါ်ကျော်ကြားမှုမှာ ယာယီသာဖြစ်ကြောင်း ပြောခဲ့သည့် ပါ့ခ်ဘိုယောင်း

ကိုရီးယားမင်းသမီး ပါ့ခ်ဘိုယောင်းသည် သူမ၏ အလှအပအကြောင်းနှင့် ထင်ပေါ်ကျော်ကြားမှုအကြောင်းအား မကြာသေးခင်ကမှ ပြုလုပ်ခဲ့သော အင်တာဗျူးတွင် ထည့်သွင်းပြောကြားခဲ့သည်။

အင်တာဗျူး၌ သူမ၏အလှအား ကိုယ်တိုင်ဆန်းစစ်ပေးဖို့ တောင်းဆိုခဲ့ရာတွင် သူမက “ ကျမ ဆောင်းဟေကို ကို အပြင်မှာ တစ်ခါမြင်ဖူးခဲ့ပါတယ်။ အဲ့တုန်းက သူမဟာ ဘာမှမလိမ်းခြယ်ထားပဲနဲ့ကို လှပနေခဲ့တာပါ။ ကျမက တော့ အဲ့တုန်းက မိတ်ကပ်တွေလိမ်းထားခဲ့ပါတယ်။ အဲ့ဒါတောင်သူမက ကျမထက်ကို လှပနေခဲ့ပါတယ်။ သူမ ကိုတွေ့ပြီးတဲ့နောက်မှာ သရုပ်ဆောင်တဲ့အတတ်ပညာပေါ်မှာပဲ ကျမ အာရုံစိုက်သင့်ကြောင်း ကိုယ့်ကိုယ်ကို ပြောခဲ့ပါတယ်။ ဒါကြောင့် ကျမ အမြဲတမ်း အလုပ်ကြိုးစားခဲ့တာပါ” ဟု ဖြေကြားခဲ့သည်။

ထို့နောက်တွင် ပါ့ခ်ဘိုယောင်းက လွန်ခဲ့သော ၂၀၀၈ ခုနှစ်က သူမကို နာမည်ကြီးစေခဲ့သော Scandal Makers ရုပ်ရှင်ဇာတ်ကားအကြောင်း ပြန်ပြောင်း ပြောကြားခဲ့သည်။

“ Scandal Makers ရုပ်ရှင်ကားဟာ ကျမထင်ထားတာထက်ကို ပိုမိုအောင်မြင်ခဲ့ပါတယ်။ အဲ့အချိန်က ကျမဘေးမှာ ရှိတဲ့သူတွေက ကျော်ကြားမှုဟာ ထိုးတက်သွားတတ်ပေမယ့် တစ်ချိန်ချိန်မှာ ပြန်လည်ကျဆင်း တတ်ကြောင်း သတိပေးခဲ့ကြပါတယ်။ Scandal Makers ရုပ်ရှင်ပြီးတဲ့နောက်မှာ ကျမ ကာလအတိုင်းအတာ တစ်ခုအထိ ပြန်ကျသွားခဲ့ပါတယ်။ ကျမရဲ့ အေဂျင်စီအဟောင်းနဲ့ အမှုရင်ဆိုင်ရတဲ့အချိန်တုန်းက ကျမရဲ့ အနုပညာလမ်းကြောင်း ပြီးဆုံးသွားပြီလို့တောင် ထင်ခဲ့မိပါတယ်။ လက်ရှိမှာ Strong Woman Do Bong Soon ဇာတ်လမ်းတွဲ အောင်မြင်နေတာနဲ့ ပက်သက်ပြီး ကျမ ကျေးဇူးတင်မိပါတယ်။ ဒါပေမယ့် ဒီအောင်မြင်မှုဟာ ယာယီပဲဆိုတာ ကျမသိထားပါတယ်” ဟု သူမက ဖြေကြားခဲ့သည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly