လူငယ်အက်ဖ်အေဖလားပြိုင်ပွဲမှာ လေးနှစ်ဆက်တိုက်ဗိုလ်စွဲနိုင်ခဲ့တဲ့ ချယ်လ်ဆီးအသင်း

လူငယ်အက်ဖ်အေဖလားပြိုင်ပွဲမှာ လေးနှစ်ဆက်တိုက်ဗိုလ်စွဲနိုင်ခဲ့တဲ့ ချယ်လ်ဆီးအသင်း

ဧပြီ ၂၇၊ အင်္ဂလန် ။            ။ ချယ်လ်ဆီးအသင်းကြီးက ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်ဖို့ နီးစပ်နေပြီဖြစ်သလို ချယ်လ်ဆီးလူငယ်အသင်းကလည်း လူငယ်အက်ဖ်အေဖလားပြိုင်ပွဲမှာ ခြေစွမ်းပြပြီး လေးနှစ်ဆက်တိုက် ချန်ပီယံဆုဖလားကို ရယူနိုင်ခဲ့ပါတယ်။

လူငယ်အက်ဖ်အေဖလားပြိုင်ပွဲက နှစ်ကျော့ကစားရတာဖြစ်ပြီး ပထမအကျော့ မန်စီးတီးကွင်းမှာ တစ်ဂိုးစီသရေကျခဲ့ကြပါတယ်။ ဒီပွဲစဉ်မှာတော့ ချယ်လ်ဆီးအသင်းက ၅ ဂိုး၊ ၁ ဂိုးနဲ့ ဂိုးပြတ်နိုင်ခဲ့ပြီး နှစ်ကျော့ပေါင်း ၆ ဂိုး ၂ ဂိုးနဲ့ ဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းက ပထမပိုင်းမှာ ချာလိုဘတ်ရဲ့ခေါင်းတိုက်ဂိုး၊ အက်ဘိုရဲ့ volley ကန်ချက်သွင်းဂိုးတွေနဲ့ဦးဆောင်ခဲ့တာပါ။

အန်မီချာက မန်စီးတီးအသင်းအတွက် မျှော်လင့်ချက်ချေပါဂိုးတစ်ဂိုးသွင်းခဲ့သေးပေမယ့် ဟက်ဆန်အိုဒီအီနဲ့စတာလင်းတို့က ပွဲကို အဆုံးသတ်ပေးခဲ့ကြပါတယ်။ လူစားဝင်လာတဲ့ ဒါဆေးလ်ဗားကပါ တစ်ဂိုးထပ်သွင်းလိုက်လို့ မန်စီးတီးရဲ့အရှုံးက ရှုံးချက်နာခဲ့ရပါတယ်။

ဒီဗိုလ်လုပွဲစဉ်ကို ချယ်လ်ဆီးအသင်းပိုင်ရှင် မိုဗစ်နဲ့ နည်းပြကွန်တီုတို့ လာရောက်ကြည့်ရှုခဲ့ကြပြီး ပွဲကြည့်စင်မှာ အောင်ပွဲခံခဲ့ကြပါတယ်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly