The Silence of the Lambs ရုပ်ရှင်ဒါရိုက်တာ ဂျိုနသန်ဒမ်မီ အသက် ရ၃ နှစ်အရွယ်ကွယ်လွန်

The Silence of the Lambs ရုပ်ရှင်ဒါရိုက်တာ ဂျိုနသန်ဒမ်မီ အသက် ရ၃ နှစ်အရွယ်ကွယ်လွန်

The Silence of the Lambs ဇာတ်ကား၏ ဒါရိုက်တာဖြစ်သူ အော်စကာဆုရှင် ဂျိုနသန်ဒမ်မီသည် နယူးယောက်၌ အသက် ရ၃နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။

ဂျိုနသန်ဒမ်မီသည် အစာပြွန်ကင်ဆာရောဂါကို ကုသနေစဉ်အတောအတွင်း ထပ်တိုးလာသော ရောဂါအသစ် ကြောင့် ကွယ်လွန်ခဲ့ကြောင်း သူ၏ ကိုယ်ရေးအရာရှိများက အတည်ပြုခဲ့သည်။

၁၉၉၄ ခုနှစ်တွင် ဖွားမြင်ခဲ့သော ဒမ်မီသည် Phiadelphia၊ Something Wild နှင့် Talking Heads စသော နာမည်ကျော် ရုပ်ရှင်များကိုလည်း ရိုက်ကူးခဲ့သည်။

Philadelphia ရုပ်ရှင်တွင် ပါ၀င်သရုပ်ဆောင်ပြီး အော်စကာဆုဆွတ်ခူးခဲ့သော မင်းသားကြီးတွမ်ဟန့်ခ်က ဒမ်မီသည် ကြီးကျယ်အခမ်းနားဆုံး ယောင်္ကျားတစ်ဦးဖြစ်ကြောင်း Press Association သို့ ပြောကြားခဲ့သည်။

“ဂျိုနသန်က ကျနော်တို့ကို စိတ်ရင်းကောင်းပြီး ဂရုစိုက်တတ်သော သူတစ်ယောက်ဖြစ်အောင် သင်ကြားပေးခဲ့ ပါတယ်။ ပြီးတော့ အဲ့လိုစိတ်ထားဟာ ကျနော်တို့ အသက်ရှင်နေထိုင်ဖို့ ဘယ်လိုလမ်းညွှန်ပေးနိုင်မလဲဆိုတာ သင်ကြားပေးခဲ့ပါတယ်” ဟု တွမ်ဟန့်ခ်က ပြောခဲ့သည်။

ဒမ်မီသည် The Silence of the Lambs ဇာတ်ကားဖြင့် ၁၉၉၂ ခုနှစ်တွင် အော်စကာဆုပေးပွဲ၌ အကောင်းဆုံး ဒါရိုက်တာဆုကို ဆွတ်ခူးခဲ့သည်။

The Silence of the Lambs ဇာတ်ကားသည် ကွင်းဆက်လူသတ်သမား ဟာနီဘယ်လတ်တာ ပါ၀င်သော သည်းထိတ်ရင်ဖို မှုခင်းရုပ်ရှင်ကားဖြစ်သည်။

ဒမ်မီသည် ၁၉၈၀ ခုနှစ်က သူကိုယ်တိုင် ရိုက်ကူးခဲ့သော Melvin and Howard ဇာတ်ကားဖြင့် မင်းသမီးကြီး မယ်ရီစတင်းဘာဂန်ကိုလည်း အော်စကာဆုပေးပွဲ၌ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို ဆွတ်ခူးစေခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly