​မိုးဦးသီးနှံစိုက်​ပျိုးရန်​ ​တောင်​သူများ သီးနှံအ​ရွေးခက်​​နေ

​မိုးဦးသီးနှံစိုက်​ပျိုးရန်​ ​တောင်​သူများ သီးနှံအ​ရွေးခက်​​နေ

ကမ္မ  ၊ဧပြီ ၂၇ ။          ။ မကွေးတိုင်​း​ဒေသကြီး ပခုက္ကူမြို့နယ်​ ၊ ကမ္မမြို့အနီးရှိ​တောင်​သူများ မိုးဦးကျကာလတွင်​ မည်​သည်​့သီးနှံကို ​ရွေးချယ်​၍စိုက်​ပျိုးရမ ​ဝေခွဲမရဘဲ အခက်​​ကြံုနေကြောင်​း ​​ဒေသခံတောင်​သူများထံက သိရသည်​။

ယခုနှစ်​တွင်​ စိုက်​ပျိုးစရိတ်​များတက်​လာ​သော်​လည်​း သီးနှံ​စျေးနှုန်​းများမှာ ထက်ဝက်ကျဆင်​း​နေကြောင်း အချို့​တောင်​သူများက ဆိုသည်။

ယခင်​နှစ်​က ယခုအချိန်ဆိုပါက ပဲ​စဉ်​းငုံ တစ်​တင်​းလျှင်​ ၄၉၇၀၀ ကျပ်​ ​ပေါက်​​စျေးရှိ​သော်​လည်​း လက်​ရှိချိန်​၌  ၂၁၂၀၀ ကျပ်​သာ ​ပေါက်​​စျေးရှိ​​ပြီး ပဲ​ထောဖြူမှာမူ ယခင်​နှစ်​က ၁၁၇၀၀ ကျပ်​မှ ယခုနှစ်​လက်​ရှိချိန်​တွင်​ ၂၀၅၀၀ ကျပ်​ထိ​ ပေါက်​​စျေးရှိ​ကြောင်​းဖောင်းကွဲ​ကျေးရွာမှ ကိုဝင်​းစိုးက မဇ္စျိမသို့ ​ပြောပြသည်​။

"နှမ်​း​စျေးက​တော့ ပဲစဉ်​းငုံနဲ့စာရင်​နှစ်​တိုင်​းအလွန်​အမင်​းကျတာမျိုးမရှိဘူး။ နှမ်​းချည်​းအားလုံးစိုက်​ရင်​ကျ​တော့ အလုပ်​သမားများများ သုံးရတယ်​။ ရိတ်​သိမ်​းချိန်​ကြ အလုပ်​သမားစျေးကြီးတယ်​။ ​နှမ်​းကျ​တော့ မိုးများလွန်​းရင်​လည်​းအဆင်​မ​ပြေဘူး နည်​းလွန်​းရင်​လည်း မရဘူး။ အဲတော့ ဘာစိုက်​လို့စိုက်​ရမှန်​ကို မသိဘူး။ သို့ပေမယ့်လည်း မိုးကဝယ်​မရဘူး ။ မျိုးကဝယ်​ရတယ်​လေ။ အချိန်​ကျ​တော့ စိုက်​ရတာပါဘဲဗျာ''ဟု​ဖောင်​းကွဲ​ကျေးရွာမှ ​တောင်​သူဦး​ပြေသိန်​းက ပြောသည်​။
 
စိုက်​ပျိုး​ရေးပညာရှင်​များ မိုး​လေဝသပညာရှင်​များနှင်​ ပြည်​တွင်​းပြည်​ပ​စျေးကွက်​ကျွမ်​းကျင်​သူများက တောင်​သူများအား ယခုနှစ်​တွင်​ ဘယ်​လိုသီးနှံမျိုးကိုစိုက်​ပျိုးသင်​့​ကြောင်​းကို လမ်​းညွှန်​အကြံပြုချက်​များ​ပေးမည်​့ဆိုပါကပို၍အဆင်​​​ပြေနိုင်​​ကြောင်​း ​တောင်​သူများထံမှသိရသည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly