လောင်းကစားမှုကြောင့်ဘန်လေကွင်းလယ်လူဘာတန် ၁၈ လ ပွဲပယ်ခံရ

လောင်းကစားမှုကြောင့်ဘန်လေကွင်းလယ်လူဘာတန် ၁၈ လ ပွဲပယ်ခံရ

ဧပြီ ၂၇၊ ဘန်လေ။           ။ လောင်းကစားမှုနှင့် ပတ်သက်သည့်စွဲချက်ကိုဝန်ခံခဲ့သော ဘန်လေကွင်းလယ်ကစားသမား ဂျိုယေးဘာတန်ကို အင်္ဂလန်ဘောလုံး အဖွဲ့ချုပ်က ၁၈ လပွဲပယ် ပြစ်ဒဏ်ချမှတ်လိုက်သည်။

အသက် ၃၄ နှစ်အရွယ်ကစားသမားသည် အက်ဖ်အေစည်းမျဉ်းများကို ချိုးဖောက်ပြီး ၂၀၀၆ မတ် ၂၆ မှ ၂၀၁၆ မေ ၁၃ အတွင်း ဘောလုံးပွဲများတွင် ပေါင် ၁၂၆၀ လောင်းကစားမှုဖြင့် အရေးယူခံရခြင်းဖြစ်ပြီး ဒဏ်ငွေပေါင် ၃၀, ၀၀၀ ပေးဆောင်ရန်နှင့် အနာဂါတ်အပြုအမူဆင်ခြင်ရန်လည်း သတိပေးခံရသည်။

လောင်းကစားကို စွဲလန်းစိတ်ဝင်စားနေသည်ဟု ဘာတန်က ပြောဆိုထားသည်။ ချမှတ်ခံထားရသည့်ပြစ်ဒဏ်မှာ မမျှတသဖြင့် အယူခံဝင်ရန်လည်း စီစဉ်နေသည်။

“ကျွန်တော် လောင်းကစားကိုစွဲလမ်းနေတာကို တွန်းလှန်နေရပြီး ကျွန်တော့်ပြဿနာကို ဆေးစာနဲ့တကွ အက်ဖ်အေထံ တင်ပြ သွားမှာပါ။ အခုပြစ်ဒဏ်ကလည်း မမျှတဘူးထင်လို့ စိတ်ပျက်ရပါတယ်”ဟု ဘာတန်က ဆိုသည်။

ကိုယ်တိုင်ပါဝင်ကစားခဲ့သောပွဲအချို့ကိုပင် လောင်းကစားလုပ်ခဲ့သည့် ဘာတန်က လုပ်ပွဲမဟုတ်ကြောင်းနှင့် ရိုးသားမှုကို မေးခွန်းထုတ်ခံနိုင်ကြောင်း ပြောသည်။

“ပရော်ဖက်ရှင်နယ်ဘောလုံးသမားတွေအတွက်သတ်မှတ်ထားတဲ့စည်းကမ်းကို ဖောက်မိတယ်ဆိုတာ ဝန်ခံပါတယ်။ ဒါပေမဲ့ ပြစ်မှုနဲ့ ပြစ်ဒဏ်မမျှဘူးလို့ ခံစားနေရပါတယ်။ ဒီဆုံးဖြတ်ချက်က ကျွန်တော့်ကို ဘောလုံးလောက ကနေ စောစောအနားယူ သွားစေဖို့ ဖိအားပေးနေသလိုပါပဲ”ဟု ဘာတန်က ဆိုသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly