ရသေ့တောင်မြို့နယ် ဗလီအတွင်း မီးလောင်မှုဖြစ်ပွားခြင်းသာဖြစ်

ရသေ့တောင်မြို့နယ် ဗလီအတွင်း မီးလောင်မှုဖြစ်ပွားခြင်းသာဖြစ်
ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ

ဧပြီ ၂၆ ။              ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် ဧပြီ ၂၅ ရက် ည ၁၀ နာရီက စေတီပြင်ဗလီအတွင်း မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဧပြီ ၂၅ ရက် ည ၈ နာရီတွင် စေတီပြင်ကျေးရွာနေ ဒီမာမောက် ၏ သား ဗလီဆရာ အဒူမာလိပ် ပါ (၈) ဦးတို့သည် ဗလီဝတ်ပြုပြီး ည ၈ နာရီ ၁၅ မိနစ်တွင် ဗလီတံခါးပိတ်၍ နေအိမ်သို့ ပြန်လာခဲ့ကြသည်။ ထို့နောက် ည ၁၀ နာရီတွင် ကျေးရွာလုံခြံုရေးကင်းတာဝန််ချထားသော အာဖော့တူလာက  ဗလီအတွင်း မီးရောင်မြင်ကြောင်း ရာအိမ်မှူး ဦးမာမောက်မျာထံ သတင်းပို့ခဲ့ရာ ကျေးရွာသားများက ဗလီအတွင်း မီးလောင်နေမှုအား ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြသည်။

နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များသည် မီးလောင်မှုဖြစ်ပွားရာနေရာသို့ ရောက်ရှိစဉ် ဗလီအတွင်း မီးငြိမ်းသတ်နေသော ရွာသား ၄၀ ဦးခန့်တွေ့ရှိရပြီး ဗလီအပြင်ဘက်တွင်လည်း ရခိုင်တိုင်းရင်းသား ၁၀၀ ဦးခန့် စုရုံးရောက်ရှိလာ၍ နှစ်ဦးနှစ်ဖက် ပဋိပက္ခမဖြစ်အောင် ထိန်းသိမ်းဆောင် ရွက်ခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စေတီပြင်ကျေးရွာဗလီတွင် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလကလည်း ယခုကဲ့သို့ မီးလောင်မှုမျိုးတစ်ကြိမ် ဖြစ်ပွားခဲ့ဖူးကြောင်းနှင့် ဗလီအစောင့်ထားရှိရန် ပြောကြားထားသော်လည်း ယခုအချိန်အထိ အစောင့်ထားရှိခြင်း မရှိကြောင်း သိရှိရသည်။

မီးလောင်မှုကြောင့် ကိုရမ်ကျမ်းစာအုပ်များနှင့် ကော်ဇောလိပ် (၄) ချပ် ခန့်မှန်း တန်ဖိုး (၅၀၀၀၀) ကျပ်ခန့် ဆုံးရှုံးပြီး ထိခိုက်ဒဏ်ရာရရှိမှုများ မရှိကြောင်း သိရှိရသည်။

မီးလောင်မှုနှင့်ပတ်သက်၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုဖွင့် အရေးယူဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly