ပြည်တွင်းမှာ ထုတ်လုပ်ခဲ့တဲ့ ပထမဆုံးသော လေယာဉ်တင်သင်္ဘော တရုတ်တို့ ထုတ်ဖော်

ပြည်တွင်းမှာ ထုတ်လုပ်ခဲ့တဲ့ ပထမဆုံးသော လေယာဉ်တင်သင်္ဘော တရုတ်တို့ ထုတ်ဖော်

ဧပြီ ၂၆ ။             ။ ပြည်တွင်းမှာပဲ ဒီဇိုင်းထုတ် တည်ဆောက်ခဲ့တဲ့ ပထမဆုံးသော လေယာဉ်တင်သင်္ဘောကြီးကို တရုတ်တို့ ဧပြီ ၂၆ ရက်က ထုတ်ဖော်ပြသခဲ့ပါတယ်။

ယင်းနေ့က နိုင်ငံမြောက်ပိုင်းက ဒါလီယန် ဆိပ်ကမ်းမှာပဲ အဆိုပါ ပြည်တွင်းလုပ် လေယာဉ်တင်သင်္ဘောကြီး Type 001A ကို ရေချခဲ့တာဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းမီဒီယာတွေက ဖော်ပြပါတယ်။

ယခု ရေချလိုက်တဲ့ လေယာဉ်တင်သင်္ဘောကြီးဟာ တရုတ်တို့ရဲ့ ဒုတိယမြောက် လေယာဉ်တင်သင်္ဘောကြီးဖြစ်ပေမယ့် ပြည်တွင်းမှာ ထုတ်လုပ်နိုင်ခဲ့တဲ့ သင်္ဘောကြီးလည်း ဖြစ်လာခဲ့ပါတယ်။

တရုတ်တို့ရဲ့ ပထမဆုံးသော လေယာဉ်တင်သင်္ဘောကြီး ဖြစ်တဲ့ Liaoning ကတော့ လွန်ခဲ့တဲ့ ၂၅ နှစ်လောက်ကတည်းက တည်ဆောက်ထားခဲ့တဲ့ ဆိုဗီယက်လုပ် လေယာဉ်တင်သင်္ဘောကြီး ဖြစ်ပါတယ်။

ယခုလို ပြည်တွင်းလုပ် လေယာဉ်တင်သင်္ဘောကြီးတစ်စင်း ပိုင်ဆိုင်နိုင်ခဲ့တာနဲ့အတူ တရုတ်တို့အနေနဲ့ အမေရိကန်၊ ရုရှ၊ ဗြိတိန်တို့လို ရေတပ်အင်အားကြီး နိုင်ငံအုပ်စုထဲမှာ ပါ၀င်လာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပညာရှင်တွေကတော့ လက်ရှိတရုတ်တို့ရဲ့ ရေတပ်အင်အားဟာ ကမ္ဘာ့စစ်အင်အားအကြီးဆုံး အမေရိကန်ထက်စာရင် များစွာနောက်ကျကျန်နေရစ်ဆဲဖြစ်ကြောင်း ထောက်ပြပြောဆိုမှုတွေ ရှိနေပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly