အဲအေးရှားသည် ခရီးသွားလုပ်ငန်းသစ် TOURISTLY တွင် ပူးပေါင်း

အဲအေးရှားသည် ခရီးသွားလုပ်ငန်းသစ် TOURISTLY တွင် ပူးပေါင်း

အဲအေးရှားသည် အွန်လိုင်းခရီးသွားလုပ်ငန်းပါတနာဖြစ်သောTouristly Travel SdnBhd (Touristly) တွင် ပိုင်ဆိုင်မှုထည့်သွင်းခြင်း နှင့် ရင်းဂစ် ၆.၅ မီလီယံတန်ဖိုးရှိ ချေးငွေသဘောတူညီချက် ရရှိပြီးနောက် ၎င်းခရီးသွားလုပ်ငန်းတွင် ၅၀% သော အကျိုးဆိုင်အမြတ်ကိုရရှိခဲ့ကြောင်း Air Asia က သတင်းထုတ်ပြန်ထားသည်။

 
အဲအေးရှားသည် အကျိုးဆိုင်အမြတ်များရယူနိုင်ခဲ့ခြင်းနှင့်နှင့်အတူ အဲအေးရှား၏ စီအီးအို တိုနီဖာနန်ဒက်မှ Touristly ၏ ဥက္ကဌအဖြစ် ဆောင်ရွက်မည်ဟု သိရသည်။
 
Digital platform ကို Travel 3Sixty inflight magazine ၊ airasia.com တွင် ခရီးသည်များ၏ တုံ့ပြန်မှု နှင့် အွန်လိုင်းကြော်ငြာများဖြင့် ဖွဲ့စည်းထားပြီး နှစ်စဉ်နှစ်တိုင်းအဲအေးရှား၏ ၆၀ မီလီယံသော ခရီးသည်များသို့ အချက်အလက်များ မျှဝေနိုင်မည်ဖြစ်သည်။
 
Touristlyသည် Travel 3Sixty brand ၏ လက်အောက်တွင် လုပ်ငန်းလည်ပတ်မည် ဖြစ်ပြီး inflight magazine ၊ အဲအေးရှား လေယာဉ်ပေါ်ရှိ ဝန်စည်များထည့်ရာနေရာ နှင့် seat trays များအပါအဝင် offline advertising များအားလုံးကိုပါ ဝင်ရောက်လုပ်ကိုင်မည်ဟု သိရသည်။
 
ဤသဘောတူညီချက်သည် အဲအေးရှားမှ ပြေးဆွဲနေသော မြို့ပေါင်း ရ၀ ကျော်မှ ခရီးသည်များအတွက် စားသောက်ဆိုင်များ၊ ကစားကွင်းများ၊ ခရီးသွားများအား ဆွဲဆောင်နိုင်သောနေရများ၊ spa များနှင့် tours များစသည့် မြေပြင်လှုပ်ရှားမူများကို စသည့် သတင်းအချက်အလက်များလည်း ရရှိစေမည်ဖြစ်သည်။
 
​​Touristly CEO Aaron Sarma မှလည်း "အဲအေးရှားနဲ့အလုပ်အတူတွဲလုပ်ဖို့ကို အစကတည်းက ကျွန်တော်တို့ စိတ်ထဲမှာရှိနေခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့အိပ်မက်ကလည်း အာရှပစိဖိတ်ကိုသွားလာချင်တဲ့ ခရီးသွားတွေအတွက် ဒေသတွင်းမှာ ဘယ်လိုအံ့သြပျော်ရွှင်ဖို့ကောင်းတာတွေ လုပ်နိုင်မယ်ဆိုတာကို ရှာဖွေတွေ့ရှိနိုင်ဖို့အတွက် ကူညီပေးချင်တာပဲဖြစ်ပါတယ်။ " ဟုပြောကြားခဲ့သည်။
 
အဲအေးရှား ၏ စီအီးအိုတိုနီဖာနန်ဒက်မှလည်း "ကျွန်တော်တို့ရဲ့ ဧည့်သည်တွေဟာ လက်မှတ်ဝယ်နေရင်းနဲ့ပဲ ထောင်ပေါင်းများစွာသောလှုပ်ရှားမှုတွေကို ရွေးချယ်နိုင်မှာဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ အမှန်အကန်ကို one-stop digital airline ဖြစ်ဖို့အတွက် တစ်ဆင့်နီးစပ်လာတာပဲဖြစ်ပါတယ်" ဟု ဆိုသည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly