ဘီယာသောက်ရင်း ယောဂကျင့်နိုင်မယ့် ထိုင်းနိုင်ငံက ယောဂသင်တန်းတစ်ခု

ဘီယာသောက်ရင်း ယောဂကျင့်နိုင်မယ့် ထိုင်းနိုင်ငံက ယောဂသင်တန်းတစ်ခု

ဧပြီ ၂၆ ။                      ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်မှာ ရှိတဲ့ ယောဂသင်တန်းတစ်ခုမှာ တက်ရောက်လာသူတွေဟာ ယောဂကျင့်စဉ် ကျင့်ရင်း ဘီယာ သောက်နိုင်မယ့် အခွင့်အရေးတစ်ရပ်ပါ ရရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ သင်တန်းမှာတော့ ပြီးခဲ့တဲ့ စနေနေ့က တက်ရောက်သူ ၁၀၀ နီးပါး ရှိခဲ့တယ်လို့လည်း သိရပါတယ်။ သင်တန်းတက်ရောက်လာသူတွေအနေနဲ့ ယောဂကျင့်စဉ် လေ့ကျင့်ခန်းတွေလုပ်ရင်း တစ်ဘက်မှာလည်း ဘီယာသောက်ရင်းနဲ့ ကျင့်ကြံနိုင်ကြမှာလည်း ဖြစ်ပါတယ်။

တွင်ကျယ်ခေတ်စားလာလျက်ရှိတဲ့ ယင်းယောဂကျင့်စဉ် ကျင့်ခြင်းကနေ ရရှိတဲ့အကျိုးကျေးဇူးတွေကတော့ ခန္ဓာကိုယ် ကိုယ်အလေးချိန် ကျခြင်း၊ ခန္ဓာကိုယ် သန်မာဖျတ်လတ်ခြင်း၊  အသားအရေ ကြည်လင်တောက်ပစေခြင်း၊ စိတ်တည်ငြိမ်အေးချမ်းခြင်း စတဲ့ ကျန်းမာရေးကောင်းကျိုးတွေ ရရှိစေနိုင်မယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly