ဇာဗီမှာ သူ၏ ရန်သူဟု စပါးနည်းပြ ပိုချက်တီနိုပြော

ဇာဗီမှာ သူ၏ ရန်သူဟု စပါးနည်းပြ ပိုချက်တီနိုပြော

ဧပြီ ၂၆၊ အင်္ဂလန် ။            ။ စပါးလူငယ်တိုက်စစ်ကစားသမား ဒယ်လီအလီမှ မန်စီးတီးနည်းပြဂွါဒီယိုလာ အလိုရှိသည့်ကစားသမားမျိုးဖြစ်ကြောင်း ပြောခဲ့သည့် ဘာစီလိုနာကွင်းလယ်ကစားသမားဟောင်း ဇာဗီမှာ သူ၏ ရန်သူဖြစ်ကြောင်း စပါးနည်းပြ ပိုချက်တီနိုက ပြောဆိုလိုက်သည်။

‘ဇာဗီဘာပြောလဲဆိုတာ ကျွန်တော်မသိပါဘူး။ သူက မန်စီးတီးအတွက် အလုပ်လုပ်နေတာလား။ သူက ဂွါဒီယိုလာကို ကူညီချင်နေတာလား’ ဟု ပိုချက်တီနိုက ဆိုသည်။

အင်္ဂလန်လက်ရွေးစင်ကစားသမား အလီမှာ ယခုနှစ်တွင် စပါးအတွက် ခြေစွမ်းပြလျက်ရှိပြီး ၁၆ ဂိုးအထိသွင်းယူနိုင်ခဲ့သောကြောင့် ပီအက်ဖ်အေတစ်နှစ်တာလူငယ်အကောင်းဆုံးကစားသမားဆုကို ၂ နှစ်ဆက်တိုက် ရရှိခဲ့သည်။

စပါးနည်းပြ ပိုချက်တီနိုက ၎င်းတို့အသင်းအနေဖြင့်ငွေမလိုကြောင်းနှင့် အဓိက ကစားသမားများကို လုံးဝရောင်းချမည် မဟုတ်ကြောင်း ပြောသည်။

‘အသင်းမှာရှိတဲ့ ထိပ်တန်းကစးသမားတွေနဲ့ ခြေစွမ်းခြေစရှိတဲ့ လူငယ်ခြေတက်ကစားသမားတွေကို လုံးဝရောင်းချမှာ မဟုတ်ပါဘူး။ အသင်းဥက္ကဋ္ဌလီဗိုင်းကလည်း အသင်းက ငွေမလိုဘူးလို့ ကျွန်တော့်ကို ပြောပြီးပါပြီ။ ဒီကစားသမားတွေက ကျွန်တော်တို့ ဆက်လက်ထိန်းသိမ်းထားလိုတဲ့ကစားသမားတွေပါ။ သူတို့ကို အသင်းမှာ ဆက်ရှိနေဖို့ ထိန်းသိမ်းသွားမှာပါ’ ဟု ပိုချက်တီနိုက ဆိုခဲ့သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags