ထိုင်းအမျိုးသားတစ်ဦးက ရည်းစားဖြစ်သူရဲ့ လသားသမီးငယ်ကို သတ်ပြီး ကိုယ်ကိုကို သတ်သေသွားသည့် ဖေ့ဘုတ် Live ဗီဒီယို လွှင့်တင်ခဲ့

ထိုင်းအမျိုးသားတစ်ဦးက ရည်းစားဖြစ်သူရဲ့ လသားသမီးငယ်ကို သတ်ပြီး ကိုယ်ကိုကို သတ်သေသွားသည့် ဖေ့ဘုတ် Live ဗီဒီယို လွှင့်တင်ခဲ့

ဖူးခက်၊ ဧပြီ ၂၆ ။            ။ ထိုင်းနိုင်ငံက ဖူးခက်မှာ အမျိုးသားတစ်ဦးက သူ့ရည်စားဖြစ်သူရဲ့ လသားအရွယ်ကလေးငယ်ကို သတ်ပုံနဲ့ ပြီးတဲ့နောက် ကိုယ်ကိုကို သတ်သေခဲ့ပုံများကို ဖေ့ဘုတ်မှာ Live ဗီဒီယို လွှင့်တင်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ဧပြီ ၂၅ ရက်မှာ ပြောပါတယ်။

ဖေ့ဘုတ် Live-streaming တိုက်ရိုက်ဗီဒီယို လွှင့်တင်တာကို စက်ဆုပ်ဖွယ်ပြစ်မှုတွေ ကျုးလွန်ရာမှာ အသုံးပြုနေတာအတွက် ဥပမာတစ်ရပ်အနေနဲ့ ခုဖြစ်ရပ်က ပြသနေပါတယ်။

ဖေ့ဘုတ်တိုက်ရိုက်ဗီဒီယို ရိုက်တင်ကာ ကိုယ်ကိုကို သတ်သေတဲ့ ဖြစ်ရပ်ဟာ ဧပြီ ၂၄ ရက် နေ့လည်ပိုင်းက တောင်ပိုင်းအပန်းဖြေကျွန်း ဖူးခက်ရှိ စွန့်ပစ်ဟိုတယ်တစ်ခုမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အဲဒီအရပ်က တာဝန်ရှိသူတွေဟာ သတ်သေသူရဲ့ သူငယ်ချင်းဖြစ်သူတွေ တိုင်ကြားအကြောင်းကြားတာကြောင့် ဖြစ်ပွားရာကို အပြေးအလွှားသွားရောက်ခဲ့ကြပါတယ်။

“ကျွန်တော် ရောက်သွားတော့ ကလေးရော၊ အဲဒီအမျိုးသားရော သေနေပါပြီ။”လို့ အခင်းဖြစ်ရာကို အရင်ဆုံးရောက်ရှိသူများက တစ်ဦးဖြစ်တဲ့ ဗိုလ်ကြီး ဆူဝန်နင်က အေအက်ဖ်ပီကို ပြောပြီး ဖေ့ဘုတ်ပေါ် ဗီဒီယိုတိုက်ရိုက်လွှင့်တင်ရာ စမတ်ဖုန်းတစ်လုံးကိုလည်း တွေ့ရှိကြောင်း ဖြည့်စွက်ပြောပါတယ်။

သတ်သေသွားတဲ့ အမျိုးသားဟာ ၀တ်တီဆန်ဝေါင်တာလေးဆိုသူဖြစ်ပြီး ၎င်းကိုယ်တိုင် သတ်ခဲ့တဲ့ ဆယ့်တစ်လသမီးလေးရဲ့ အမေဖြစ်သူ သူ့ရည်စားဖြစ်သူနဲ့ မကြာသေးခင်က အချင်းများခဲ့ကြောင်း ရဲက ယူဆထားပါတယ်။

၎င်း သတ်လို့ သေဆုံးတဲ့ ကလေးဟာ ၎င်းနဲ့ ဘယ်လိုတော်စပ်တယ်ဆိုတာတော့ မသိရသေးပါဘူး။

ဌာနရှိ ဆေးရုံမှာ ၎င်းအမျိုးသားအလောင်းနဲ့ ကလေးအလောင်းကို ထုတ်ယူချိန် စိတ်နောက်သလိုပင်ဖြစ်နေတဲ့ ကလေးအမေဖြစ်သူကို ဆွေမျိုးများက ဖေးမပေးထားရပုံကို Channel 3 ရုပ်သံက ပြသခဲ့ပါတယ်။

ကလေးကို သတ်ပြီး ကိုယ်ကိုကို သတ်သေသွားတဲ့ လေးမိနစ်စာ ဖေ့ဘုတ် Live ဗီဒီယိုကို မဖြန့်ဝေဖို့ ဖူးခက်အုပ်ချုပ်ရေးမှူးက ပြည်သူတွေကို တိုက်တွန်းထားပါတယ်။

ထို Live ဗီဒီယို တင်လိုက်ပြီး ၂၄ နာရီ နီးပါးကြာချိန် ဧပြီ ၂၅ ရက် နေ့လည်ပိုင်းအချိန် ကော်ပီကူးထားတဲ့ ဗီဒီယိုတွေက လူမှုကွန်ရက်မှာ ပြန့်နှံ့နေဆဲရှိခဲ့ကြောင်း အေအက်ဖ်ပီသတင်းက ဖော်ပြပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly