မိုးတိမ်တောင် အခြေအနေ ၄၅ ရာခိုင်နှုန်းထိ အလားအလာရှိ

မိုးတိမ်တောင် အခြေအနေ ၄၅ ရာခိုင်နှုန်းထိ အလားအလာရှိ
ဓာတ်ပုံ- ဦးထွန်းလွင်ဖေ့ဘွတ်ခ်

ဧပြီလ ၂၆ရက်တွင် ဖြစ်ပေါ်နိုင်သော မိုးတိမ်တောင်အခြေအနေနှင့်ပတ်သက်၍ သတိထားရန် ဒေါက်တာထွန်းလွင်က သတိပေးထားသည်။

ဧပြီလ ၂၅ရက် ၊ ည ၉း၁၅ တိုင်းတာချက်အရ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှုအခြေအနေမှာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊  ရှမ်းပြည်နယ်မြောက်ပိုင်း၊ချင်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်းမြောက်ပိုင်း၊  ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့မှာ မိုးတိမ်တောင်ဖြစ်ပေါ်ရန် အလားအလာများ ရှိနေပြီး သေချာမှု ၂၅% မှ ၄၅% ခန့်အထိ ရှိနိုင်ကြောင်း သိရသည်။

မိုးတိမ်တောင်ရာသီဥတု မိုးတိမ်တောင်များဟာ မွန်းလွဲ ညနေပိုင်းတို့တွင် အဖြစ်များလေ့ရှိပြီး၊ မိုးတိမ်တောင်ကြောင့် လျှပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်း၊ နေရာကွက်မိုးသည်းထန်ခြင်း၊ မိုးသက်လေပြင်းတိုက်ခတ်ခြင်း၊မိုးသီးကြွေကျခြင်းနှင့် မိုးကြိုးပစ်ခြင်းတို့ ဖြစ်ပေါ်စေတတ်သည်။

ထို့ကြောင့် မိုးခြိမ်းသံကြားရပါက မိုးတိမ်တောင်ဟာ မိမိနှင့် နီးကပ်စွာတည်ရှိနေတတ်သဖြင့် အန္တရာယ်ပို၍ သတိထားရန်လိုအပ်ပါတယ်ဟု ဒေါက်တာထွန်းလွင်က သူ့လူမှုကွန်ယက်မှတဆင့် သတိပေးထားသည်။

မိုးတိမ်တောင်များကြောင့် မိုးကြိုးများပစ်မှုများဖြစ်ပေါ်ပြီး လူသေဆုံးမှုများ ရှိကာ နှစ်စဉ် လူရာကျော် သေဆုံးလေ့ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly