မြန်မာဒုက္ခသည်များ အားနေရပ်သို့ပြန်ပို့နိုင် မည့်အစီအစဉ်မူကြမ်းအား ကုလဒုက္ခသည်အေဂျင်စီ ထုတ်ပြန်

မြန်မာဒုက္ခသည်များ အားနေရပ်သို့ပြန်ပို့နိုင် မည့်အစီအစဉ်မူကြမ်းအား ကုလဒုက္ခသည်အေဂျင်စီ ထုတ်ပြန်

ထိုင်းနိုင်ငံနယ်စပ် ဒုက္ခသည်စခန်းများတွင် နေထိုင်လျက်ရှိသော ဒုက္ခသည် ၁၁၀,၀၀၀ကို ဆန္ဒအလျောက် မူရင်းနိုင်ငံသို့ပြန်ပို့ရန် ဆောင်ရွက်မှုနှင့်ပတ်သက်၍ အသေးစိတ်ကို ယခုသီတင်းပတ်တွင် အစီအစဉ်မူကြမ်းတစ်ခုကို ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီက ဖော်ထုတ်လိုက်သည်။

ထိုင်းနိုင်ငံတွင် မြန်မာနှင့် နယ်စပ်တစ်လျှောက်တွင် စခန်းကိုးခုတွင် နေထိုင်လျက်ရှိသော မြန်မာနိုင်ငံမှ ဒုက္ခသည် ၁၁၀,၀၀၀ကျော်နေထိုင်လျက်ရှိသည်။ နှစ်ပေါင်း ၃၀ကျော် နယ်စပ်မှ ဝင်ရောက်လာခဲ့သည့်  ဒုက္ခသည်များက မြန်မာအရပ်သားအစိုးရနှင့် ပတ်သက်၍ စိုးရိမ်မှုများရှိနေသောကြောင့် နေရပ်သို့ ပြန်ပို့ရေးတွင် အခက်အခဲများဖြစ်ပေါ်လျက်ရှိသည်။ ဒုက္ခသည်အများဆုံးလာသည့် ကရင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံ ပြည်နယ်အချို့တွင် အစိုးရတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအကြား  တိုက်ပွဲများဖြစ်နေဆဲဖြစ်သည်။ 

Operations Plan for Voluntary Repatriation  ဟုအမည်ပေးထားသော မူကြမ်းကို ဇူလိုင် ၂၉ ရက်က သက်ဆိုင်ရာ စခန်း များမှ ခေါင်းဆောင် ၇၀ ခေါင်းဆောင်ပိုင်းအဖွဲ့ဝင်များ၏ တံခါးပိတ်အစည်းအဝေးအတွင်း ကုလဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး၏ အကြီးတန်းညှိနှိုင်းရေးမှူး အီယိန်ဟောလ် တင်ပြခဲ့သည်။

 ယခုနှစ်အစောပိုင်းက ထုတ်ပြန်ခဲ့သော ဆန္ဒအလျောက်မူရင်းနိုင်ငံသို့ပြန်သွားခြင်းအတွက် မဟာဗျူဟာမြောက်လမ်းပြမြေပုံထွက်ပေါ်ပြီးနောက် ယခုအစီအစဉ်ပေါ်လာခြင်းဖြစ်သည်။

ဇူလိုင် ၂၈က တင်ပြခဲ့သည့် လုပ်ငန်းဆောင်ရွက်မှုအစီအစဉ်သည် ပြန်လာရေးကို လွယ်ကူချောမောစေသည့် နောက်ထပ်အသေးစိတ်အချက်အလက်များကို ဖော်ပြခဲ့သည်။

ကရင်ဒုက္ခသည်ကော်မတီ( KRC) သည် လုပ်ငန်းဆောင်ရွက်မှုအစီအစဉ်များဖြင့် ကုလဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးကို ကူညီရန် မရည်ရွယ်ဟု အီးမေးလ်တစ်ခုတွင် နယ်စပ်စခန်းခုနှစ်ခုရှိ စခန်းကြီးကျပ်မှုကိုဆောင်ရွက်နေသော ကရင်ဒုက္ခသည်ကော်မတီ၏ ပူးတွဲအထွေထွေအတွင်းရေးမှူး ဘလူးမင်းနိုက်ဇန်က ပြောကြားခဲ့သည်။ သူမ၏ အဓိက စိုးရိမ်မှုများမှာ ယင်းကိစ္စတွင် မပါဝင်ဘဲ ယင်းမှာ ၎င်းတို့၏ အရာမဟုတ်ဟု ၎င်းက့အီးမေးလ်တွင် ဖော်ပြခဲ့သည်။

KRC၏ ပထမဆုံးအတွင်းရေးမှူး ဘွေဆေးကမူ "ကျွန်တော်တို့မှာ စိုးရိမ်မှုအနည်းငယ်တော့ ရှိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ ပထမဆုံးမဟာဗျူဟာမြောက်လမ်းပြမြေပုံနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့တယ်။ ပြီးတော့ အခု ကျွန်တော်တို့ လုပ်ငန်းဆောင်ရွက်မှုအစီအစဉ်တစ်ခုဆီသွားနေတယ်"ဟု ၎င်းကပြောကြားခဲ့သည်။ 

"ဒါပေမဲ့ ကျွန်တော်တို့ UNHCR ကိုယုံကြည်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ ဘယ်သွားနေတယ်။ ကျွန်တော်တို့ရဲ့အနာဂတ်က ဘာလဲသိဖို့ အရေးကြီးတယ်လို့ ထင်တယ်" ဟု ပြောကြားသည်။

Ref: Bangkok post

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly