ဒဏ်ရာကြောင့် ဘေးလ် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်ကို လွဲချော်တော့မည်

ဒဏ်ရာကြောင့် ဘေးလ် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်ကို လွဲချော်တော့မည်
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်မက်ဒရစ်ရဲ့ ကြယ်ပွင့် ဂါရတ်ဘေးလ်ဟာ ဘာစီလိုနာနဲ့ပွဲစဉ်မှာ ဘယ်ဘက် ခြေသလုံးကြွက်သား ဒဏ်ရာရရှိခဲ့တာကြောင့် လာမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် နှစ်ကျော့လုံးကို လွဲချော်မယ်လို့ ကလပ်အသင်းက အင်္ဂါနေ့က ပြောပါတယ်။

ဘေးလ်ဟာ ညာဘက် ခြေထောက် ဒဏ်ရာကနေ ပြန်လည်သက်သာကောင်းမွန်လာရာကနေ တနင်္ဂနွေနေ့က ဘာနေဗျူးမှာ ဘာစီလိုနာနဲ့ပွဲမှာ ဝင်ရောက်ကစားခဲ့ပြီး အခုလို ဒဏ်ရာပြန်ရခဲ့တာဖြစ်ပါတယ်။

ဒါဟာ ရီးယဲလ်အသင်းကို ရောက်ရှိပြီးနောက်ပိုင်း တောင်ပံကစားသမားရဲ့ ၁၇ ကြိမ်မြောက် ဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။

ဘေးလ်ဟာ ၃ ပတ်လိုက် အနားယူရမှာဖြစ်တာကြောင့် လာလီဂါအဝေးပွဲစဉ်ဖြစ်တဲ့ ဒီပို့တီဗိုနဲ့ပွဲကို လွဲချော်မှာဖြစ်သလို အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကိုပါ လွဲချော်တော့မှာဖြစ်ပါတယ်။

ဘာစီလိုနာဟာ လာလီဂါပွဲစဉ် ၃၃ ကစားပြီးတဲ့နောက်မှာ ရမှတ် ရ၅ နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ရမှတ်တူ တပွဲလျော့ ရီးယဲလ်အသင်းက ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly