ကော့ကရိတ်မြို ့နယ်တွင် ၁၅ နှစ်အရွယ် မိန်းကလေးငယ်အား ဓားဖြင့်ထိုးမည်ဟုခြိမ်းခြောက်ကာ အဓမ္မပြုကျင့်

ကော့ကရိတ်မြို ့နယ်တွင် ၁၅ နှစ်အရွယ် မိန်းကလေးငယ်အား ဓားဖြင့်ထိုးမည်ဟုခြိမ်းခြောက်ကာ အဓမ္မပြုကျင့်
ဓာတ်ပုံ - MOI
 

ရန်ကုန်၊ ဧပြီ ၂၅ ။            ။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို ့နယ်တွင် ဧပြီ ၂၃ရက် ညက ၁၅ နှစ်အရွယ် မိန်းကလေးငယ်အား အလိုမတူဘဲ ဓားဖြင့်ထိုးမည်ဟုခြိမ်းခြောက်ကာ အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း  ပြန်ကြားရေးသတင်းဌာနမှ ဧပြီလ၂၄ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဖြစ်စဉ်မှာ  ဧပြီလ၂၃ ရက်နေ့ ည ရ နာရီ ၁၅ မိနစ်ခန့်တွင် မိန်းကလေးငယ်၏ မိခင်ဖြစ်သူက မိန်းကလေးငယ်အတွက် အကျႌချုပ်ရန်အပ်ထား၍ သွားရွေးရာ မိန်းကလေးငယ်ကို ရွာထဲရှိ အသိအိမ်တွင် တီဗီကြည့်ရန်ထားခဲ့သည်။

မိခင်ဖြစ်သူမှာ အကျႌရွေးယူရာမှပြန်လာရာ လမ်းတွင် ခင်ပွန်းဖြစ်သူနှင့် တွေ့ရှိသဖြင့် လင်မယားနှစ်ဦး အသိအိမ်တွင်ထားခဲ့သော မိန်းကလေးငယ်ကို ပြန်သွားခေါ်ရာ အသိအိမ်မှ မိန်းကလေးငယ်မှာ ပြန်သွားပြီဖြစ်ကြောင်း ပြောသဖြင့် လိုက်လံရှာဖွေခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

မိန်းကလေးငယ်ကို မိဘများက လိုက်လံရှာဖွေခဲ့ရာ နေအိမ်ဝဲဘက် သရက်ပင်အောက်တွင် မိန်းကလေးငယ်မှာ ငို၍ထိုင်နေပြီး ဖုန်များပေကျံကာတွေ့ရှိခဲ့သဖြင့် မေးမြန်းခဲ့ရာ မိန်းကလေးငယ်က အသိအိမ်တွင် တီဗီကြည့်နေစဉ် ဖုန်းမြည်သံကြား၍ မိခင်ခေါ်သည် အထင်ဖြင့် အသိအိမ်မှ ထွက်လာခဲ့ကြောင်း၊ လမ်းတွင်တစ်ရွာတည်းနေ အသက် ၁၄ နှစ်အရွယ် မောင်အွန်မယ်နှင့်တွေ့ပြီး ၎င်းက မိန်းကလေးငယ်ကို ပါးစပ်ပိတ်၍ မအော်ရန်နှင့် အော်လျှင် ဓါးဖြင့်ထိုးမည်ဟု ခြိမ်းခြောက်ပြီး လူမနေသည့် နေအိမ်နောက်ဘက်သို့ ဆွဲခေါ်ကာ အတင်းအဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့သည့်အတွက် မောင်အွန်မယ်အား အရေးယူပေးရန် ကျံုးဒုံးမြို့မရဲ စခန်းသို့ မိခင်ဖြစ်သူက တိုင်ကြားခဲ့သဖြင့် ကျံုဒိုးမြို ့မရဲစခန်းမှ (ပ)၅၁/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ အမှုဖွင့်ခဲ့ပြီး အမှုစစ်အောင်မြင့်ဝင်းမှ မောင်အွန်မယ်နှင့် မိန်းကလေးငယ်တို့အား ရဲဆေးစာနှင့်အတူ ကော့ကရိတ်ဆေးရုံသို့ ဆေးစစ်ရန် ပို့ဆောင်လိုက်ပြီ ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly