ဒေါ်နယ်ထရမ့်ရဲ့ "America First" မူဝါဒမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအပေါ် အကူအညီတွေ လျှော့ချဖြတ်တောက်မယ့်အစီအစဉ်တွေ ပါဝင်နေ

ဒေါ်နယ်ထရမ့်ရဲ့ "America First" မူဝါဒမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအပေါ် အကူအညီတွေ လျှော့ချဖြတ်တောက်မယ့်အစီအစဉ်တွေ ပါဝင်နေ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြောထားတဲ့  "America First" နိုင်ငံခြားရေးမူဝါဒမှာတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို အကူအညီပေးနေမှုတွေ ကြီးကြီးမားမား လျှော့ချဖြတ်တောက်မယ့် အစီအစဉ်တစ်ခု ပါဝင်နေတယ်လို့ ပြည်တွင်းသတင်းရင်းမြစ်တွေအရ သိရပါတယ်။

တစ်ဆက်တည်းမှာပဲ နိုင်ငံတကာဖွံ့ဖြိုးမှု အေဂျင်စီ USAID ကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပေါင်းစည်းသွားမယ့် အစီအစဉ်လည်း ပါသေးတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့မတ်လက တင်သွင်းခဲ့တဲ့ ထရမ့်အစိုးရရဲ့ ဘတ်ဂျက်အဆိုပြုလွှာမှာတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို အကူအညီထောက်ပံ့ပေးနေမှုမှာ သုံးပုံ ပုံ တစ်ပုံထိ လျှော့ချသွားမယ်လို့ ဆိုထားပေမယ့် အသေးစိတ်အချက်အလက်တွေကိုတော့ သိပ်မပါခဲ့ပါဘူး။

Foreign policy က ရရှိခဲ့တဲ့ စာမျက်နှာ ၁၅ မျက်နှာပါ နိုင်ငံခြားရေးဝန်ကြီးဌာန ဘတ်ဂျက် အစီရင်ခံစာတစ်ခုမှာတော့ အကူအညီထောက်ပံ့မှုတွေကို အမျိုးသားလုံခြံုရေးပိုင်းနဲ့ နီးစပ်တဲ့ အစီရင်ခံစာတစ်ခုအဖြစ် ပြောင်းလဲဖို့ ပါရှိတယ်။

ယင်း အစီရင်ခံစာမှာတော့ လာမယ့် ၂၀၁၈ ဘဏ္ဍာနှစ်မှာ နိုင်ငံခြားတိုက်ရိုက် ကူညီထောက်ပံ့မှုတွေကို ထရမ့်အစိုးရဘက်က ဘယ်လိုဘယ်ပုံ လျှော့ချဖြတ်တောက်သွားမလဲဆိုတာနဲ့ပတ်သက်လို့ အသေးစိတ်ဖော်ပြထားတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ အစိုးရအနေနဲ့ USAID ကို နိုင်ငံခြားရေးဝန်ကြီးဌာနအောက် ထည့်သွင်းဖို့အရေး စဉ်းစားနေကြောင်းကိုလည်း USAID ရဲ့ ခေတ္တ အကြီးအကဲ Wade Warren က ဝန်ထမ်းတွေကို တွေ့ဆုံအသိပေးထားကြောင်းလည်း သိရပါတယ်။

အဆိုပါ အေဂျင်စီရဲ့ လုပ်ကိုင်နိုင်စွမ်းတွေကို ပိုမိုတိုးတက်စေနိုင်ဖို့ဆိုပြီး ယင်းကို ပြန်လည်ပြုပြင်ဖွဲ့စည်းနိုင်ရေးအတွက် အေဂျင်စီတစ်ခုစီတိုင်းက ခေါင်းဆောင်တွေကို စီမံရေးနဲ့ ဘက်ဂျက်ရုံး ဒါရိုက်တာ Mick Mulvaney ထံ အစီရင်ခံစာတင်ဖို့ အစိုးရက ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

ယခုလက်ရှိအချိန်ထိတော့ နိုင်ငံခြားရေးဝန်ကြီးဌာနရော၊ USAID ရော ဒီလို အဖွဲ့အစည်းနှစ်ခု ပေါင်းစည်းရေးအတွက် မှတ်ချက်ပြုပြောဆိုထားခြင်းမရှိသေးပဲ ပိုပြည့်စုံတဲ့ ထုတ်ပြန်ချက်တစ်ခုကို အိမ်ဖြူတော်က ထုတ်ပြန်ပေးလိမ့်လို့ ဆိုထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly