အထက်တန်းကျောင်းသူဘဝက အနိုင်ကျင့်ခံခဲ့ရကြောင်း ပါ့ခ်ဘိုယောင်း ဖွင့်ဟပြောဆို

အထက်တန်းကျောင်းသူဘဝက အနိုင်ကျင့်ခံခဲ့ရကြောင်း ပါ့ခ်ဘိုယောင်း ဖွင့်ဟပြောဆို

ကိုရီးယားမင်းသမီး ပါ့ခ်ဘိုယောင်းသည် သူမကျောင်းသူဘဝက အနိုင်ကျင့်ခံခဲ့ရပုံ၊ ခွဲခြားဆက်ဆံခံခဲ့ရပုံနှင့် အထီးကျန်ခဲ့ရပုံများကို ဖွင့်ဟပြောကြားခဲ့သည်။

ပြီးခဲ့သော ဧပြီလ ၂၂ ရက်နေ့တွင် ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခု၌ ပါ့ခ်ဘိုယောင်းက သူမသည် အလယ်တန်းကျောင်းသူဘဝတွင် ပထမဦးဆုံးအနေဖြင့် ရုပ်ရှင်အတိုလေးတစ်ခု၌ ပါ၀င်သရုပ်ဆောင်ခဲ့ကြောင်း ဖွင့်ဟပြောဆိုခဲ့သည်။ ထိုရုပ်ရှင်ထဲတွင် သရုပ်ဆောင်ခဲ့အပြီး၌ သူမသည် သရုပ်ဆောင်သင်တန်းများကို နှစ်အနည်းငယ်ခန့် တက်ရောက်ခဲ့ပြီး ဇာတ်ကောင်အများအပြားနေရာ၌ စမ်းသပ်သရုပ်ဆောင်ပြခဲ့ကြောင်း သိရ သည်။ ထို့နောက် သူမအထက်တန်းကျောင်း တက်စဉ်အချိန်၌ ဒရာမာဇာတ်လမ်းများတွင် လူငယ်သရုပ်ဆောင် အနေဖြင့် ပွဲဦးထွက် ပါ၀င်လာခဲ့သည်။

သို့သော်လည်း သူမ၏ ကျောင်းနေဘက်များက သူမအား မနာလိုဖြစ်ကာ ခွဲခြားဆက်ဆံခဲ့ကြကြောင်း ပြောခဲ့ သည်။ “ကျမက လှပနေလို့ သူတို့အဲ့လိုဆက်ဆံတာ မဟုတ်ပါဘူး။ ကျမတို့ပတ်ဝန်းကျင်မှာ အဲ့တုန်းက သရုပ်ဆောင် တစ်ဦးမှ မရှိခဲ့ပါဘူး။ အဲ့ဒါကြောင့် ကျမက မင်းသမီးငယ်လေးဖြစ်နေတော့ အားလုံးရဲ့ အာရုံစိုက် တာကို ခံခဲ့ရတာပါ” ဟု သူမက ရှင်းပြခဲ့သည်။

“တချို့ကလေးတွေက ကျမဘေးကဖြတ်သွားတဲ့အခါမှာ ပခုံးကိုတမင်တကာ တိုက်သွားကြပါတယ်။ တခြား အခန်းက ကျောင်းသားတွေကလည်း ကျမရဲ့ ထိုင်ခုံပေါ်မှာ အမှိုက်တွေ လာကြဲထားကြပါတယ်။ ဒါပေမယ့် ကျမ အတန်းထဲက ကလေးတွေက အဲ့ဒီအမှိုက်တွေကို ရှင်းပေးကြပါတယ်” ဟု သူမက ဆက်ပြောခဲ့သည်။

သူမသည် ဒရာမာဇာတ်လမ်းများထဲတွင် ပါ၀င်သရုပ်ဆောင်ခဲ့ရသောကြောင့် သူမ၏ ဆရာဖြစ်သူက ထိုဇာတ်လမ်းပိုစတာကို ချိတ်ဆွဲခဲ့ကြောင်းနှင့် ထိုပိုစတာကြောင့် ရှေ့လျှောက် ပိုမိုဆိုးရွားစွာ အနိုင်ကျင့်ခံရ မည်ကို ကြောက်ရွံ့သောကြောင့် ပြန်ဖြုတ်ပေးရန် ငိုကြွေးလျက် တောင်းပန်ခဲ့ရပုံကို သူမက ဆက်ပြောခဲ့သည်။

“ ပါ့ခ်ဘိုယောင်းက လူသိများတဲ့ နာမည်ကြီးပေါ့လေ။ သူတောင်မှ ဖြစ်နိုင်သေးရင် ငါလည်းဖြစ်နိုင်တာပေါ့” ဟု သူမ၏ ဘေးနားတွင် လူများက ထိုသို့ပြောဆိုခဲ့ကြောင်း ပါ့ခ်ဘိုယောင်းက ပြောပြခဲ့သည်။

ထို့နောက် သူမ ပွဲဦးထွက် သရုပ်ဆောင်ခဲ့ပြီးနောက်တွင် သူမ၏ မွေးရပ်မြေမြို့လေး၌ သရုပ်ဆောင် အကယ်ဒမီအများအပြား စတင်ဖွင့်လှစ်ခဲ့ကြောင်း သူမက ဖြည့်စွက်ပြောကြားခဲ့သည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly