မြောက်ကိုရီးယားအရေး ဆွေးနွေးရန် အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယား သံအရာရှိကြီးများ တွေ့ဆုံ

မြောက်ကိုရီးယားအရေး ဆွေးနွေးရန် အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယား သံအရာရှိကြီးများ တွေ့ဆုံ

ဧပြီ ၂၅ ။                 ။ မြောက်ကိုရီးယားအရေး ဆွေးနွေးဖို့ အတွက် အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့က သံအရာရှိကြီးတွေဟာ ဧပြီလ ၂၅ ရက်က တိုကျိုမြို့မှာ တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။

၀ါရှင်တန်အစိုးရရဲ့ အထူးကိုယ်စားလှယ် ဂျိုးဇက်ယွန်း ဟာ ဧပြီလ ၂၅ ရက်က တိုကျိုမြို့မှာ ဂျပန်သံအရာရှိ ကန်ဂျီ ကန်နာဆူဂျီ၊ တောင်ကိုရီးယား သံအရာရှိ ကင်မ်ဟုန်ကျွန်းတို့နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

၎င်းတို့ သုံးဦးဟာ ယခုလက်ရှိ ဖြစ်ပေါ်နေတဲ့ မြောက်ကိုရီးယား ပြဿနာကို ကိုင်တွယ်ဖြေရှင်းသွားရေးနဲ့ပတ်သက်လို့ ဆွေးနွေးကြတာဖြစ်ပြီး အပြန်အလှန်အမြင်ချင်း ဖလှယ်ကြမှာလည်း ဖြစ်ပါတယ်။

အဆိုပါမဟာမိတ် သုံးနိုင်ငံဟာ ပြံုးယမ်းအစိုးရရဲ့ ဒုံးကျည်စမ်းသပ်မှုတွေကို တုန့်ပြန်ရာတွင် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးနေကြလျက်ရှိပြီး ခြောက်ကြိမ်မြောက် နျူစမ်းသပ်မှု လုပ်ဆောင်လာနိုင်ဖွယ်ရှိသည့် မြောက်ကိုရီးယားတို့၏ အနေအထားမှာ ကမ္ဘာကို ခြိမ်းခြောက်နေသည်ဟု ၀ါရှင်တန်အစိုးရက ရှုမြင်ထားသည်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ကလည်း မြောက်ကိုရီးယားတို့၏ ယခုနောက်ဆုံး ဒုံးကျည်စမး်သပ်မှုကို ကုလသမဂ္ဂ လုံခြံုရေးကောင်စီတွင် ပြစ်တင်ရှုတ်ချခဲ့သည်ဟု သိရသည်။

အဆိုပါ မြောက်ကိုရီးယားတို့၏ နျူကလီးယားအစီအစဉ်များကို ပျက်ပြားစေရန် စစ်ရေးနည်းသုံးနိုင်ဖွယ်အလားအလာများကို ၀ါရှင်တန်အစိုးရက ဖယ်ထုတ်ထားခြင်းမရှိသေးသော်လည်း ယခုလက်ရှိအချိန်တွင်မူ တရုတ်အစိုးရနှင့် ပူးပေါင်း၍ ယင်းနိုင်ငံအပေါ် သံတမန်နည်းအရ ဖိအားပေးထိန်းချုပ်နိုင်ရန် အမေရိကန်တို့ ဘက်က အလေးထားလုပ်ဆောင်နေသည်ဟုလည်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags