စားလို့လည်းချို ရောင်းလို့လည်းကောင်း စပျစ် စိုက်ကြမလား (အပိုင်း ၁)

25 April 2017
စားလို့လည်းချို ရောင်းလို့လည်းကောင်း စပျစ် စိုက်ကြမလား (အပိုင်း ၁)

စပျစ်ပင်ရဲ့ မူရင်းဒေသက အာရှမိုင်းနားနဲ့ ဥရောပဒေသတို့ကပဲ ဖြစ်ပါတယ်။ စပျစ်ကိုတော့ သူ့ရဲ့ပုံစံကိုလိုက်၍သော်လည်ကောင်း ဒေသအပေါ်မှာ မူတည်၍သော်လည်ကောင်း သူတို့ရဲ့ အသုံးပြုမှုအပေါ်မှာ မူတည်၍သော်လည်းကောင်း အမျိုးမျိုး ကွဲပြားပါတယ်။

အသီးပေါ်မှာ မူတည်ပြီးတော့ အသီးဝိုင်းနဲ့ အသီးချွန်ဆိုပြီးတော့ နှစ်မျိုး ခွဲခြားထားပါတယ်။ ဒေသအပေါ်မှာ မူတည်ပြီးတော့ ရွှေနီနဲ့ အီဘာမျိုးဖြစ်တဲ့ အီတလီသီးချွန်မျိုးဆိုပြီးတော့ နှစ်မျိုးခွဲခြားထားပါတယ်။ သူတို့ရဲ့ အသုံးပြုမှုပေါ်မှာမူတည်ပြီးတော့ စားစပျစ်၊ ဝိုင်စပျစ်နဲ့ အခြောက်ခံစပျစ်ဆိုပြီးတော့ ခွဲခြားထားပါတယ်။

စပျစ်ပင်ဟာ ဆားပါတဲ့မြေကလွဲပြီးတော့ အခြား မည်သည့်မြေအမျိုးအစားမဆို စိုက်ပျိုးဖြစ်ထွန်းနိုင်ပါတယ်။ ထုံးခြောက်မြေ၊ သဲဆန်သောမြေ မြေမွ စတဲ့နေရာတွေမှာဆိုရင်တော့ ပိုမိုဖြစ်ထွန်းပြီးတော့ ဆားနယ်မြေဆွေးမှာဆိုရင်တော့ ပေါက်ဖွားမှုနှုန်း နှေးကွေးတက်ပါတယ်။

မြေအငံဓာတ်အနေနဲ့ကတော့ PH 5 ကနေပြီးတော့ PH 8 အထိရှိနေတာက အသင့်တော်ဆုံးပဲဖြစ်ပါတယ်။ အပူချိန်ကတော့ အများဆုံး ၄၅ ဒီဂရီ စင်တီဂရိတ်နဲ့ အနည်းဆုံး ၁၅ ဒီဂရီ စင်တီဂရိတ်မှာဆို ရှင်သန်နိုင်ပါတယ်။ မိုးရေချိန်ကတော့ တစ်နှစ်ပက်လုံး ၂၀ လက်မကနေ ၂၉ လက်မအထိ လိုအပ်ပါတယ်။ လေးလက်မအထက် မိုးရွာသွန်းခြင်းကိုတော့ နှစ်သက်မှုမရှိပါဘူး။ ရေငတ်ခြင်းဒဏ်ကို ခံနိုင်ပြီးတော့ အပင်ကြီးထွားလာရင်လည်း ရေမြုပ်တဲ့ဒဏ်ကို ခံနိုင်ပါတယ်။

မြန်မာနိုင်ငံမှာဆိုရင်တော့ မြန်မာပြည် အလယ်ပိုင်းဒေသ တောင်တန်းဒေသဖြစ်တဲ့ ချင်းတောင်၊ ရှမ်းပြည်နယ်၊ မိုးနည်းရန်ကုန်ဒေသ၊ ကယားပြည်နယ်တို့မှာ စိုက်ပျိုး ဖြစ်ထွန်းနိုင်ပါတယ်။ စပျစ်ပင်များကို ကိုင်းအတက်များမှ ကိုင်းကူး၍သော်လည်ကောင်း စပျစ်ကိုင်းများမှ ဆက်စပ်ပေး၍သော်လည်ကောင်း မျိုးပွားနိုင်ကြပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly