ဒေါ်နယ်ထရမ့်က ၎င်း၏ ပထမသမ္မတသက်တမ်းအတွင်းမှာပင် အင်္ဂါဂြိုဟ်ပေါ် အမေရိကန်က ဦးဆုံးခြေချနိုင်ရေး လိုလား

ဒေါ်နယ်ထရမ့်က ၎င်း၏ ပထမသမ္မတသက်တမ်းအတွင်းမှာပင် အင်္ဂါဂြိုဟ်ပေါ် အမေရိကန်က ဦးဆုံးခြေချနိုင်ရေး လိုလား

၀ါရှင်တန်၊ ဧပြီ ၂၅ ။              ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နာဆာအား ၂၀၃၀ ခုနှစ်အတွင်း အင်္ဂါဂြိုဟ်ပေါ်သို့ လူသား စေလွှတ်နိုင်ရေး ပန်းတိုင်အပါအဝင် အာကာသစူးစမ်းရေး လုပ်ငန်းများကို အရှိန်မြှင့် လုပ်ဆောင်သွားရေးအတွက် ဧပြီ ၂၄ ရက်က တိုက်တွန်းလိုက်သည်။

“ကောင်းပါပြီ။ ကျွန်တော်ရဲ့ ပထမသက်တမ်းအတွင်းမှာပဲ ဒါကို အကောင်အထည်ဖော်နိုင်ရေး ကျွန်တော်တို့ ကြိုးစားသွားလိုတယ်။ ဒါမှမဟုတ်ရင် ကျွန်တော်ရဲ့ ဒုတိယသက်တမ်းမှာဆို အခြေအနေကောင်းမှာ မဟုတ်ဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့့တွေရဲ့ ခြေလှမ်းတွေကို အရှိန်မြှင့်သွားဖို့့ လိုတယ်။”ဟု ဒေါ်နယ်ထရမ့်က နိုင်ငံတကာအာကာသယာဉ်စခန်းမှ အာကာသယာဉ်မှူးများထံ ဗီဒီယိုမိန့်ခွန်းကတစ်ဆင့် ပြောခဲ့သည်။

နိုင်ငံတကာအာကာသယာဉ်စခန်းတွင် အမျိုးသမီးအာကာသယာဉ်မှူးဖြစ်သော ပတ်ဂီဝှစ်ဆန်က ကမ္ဘာ့ဂြိုဟ်ပတ်လမ်းအတွင်း ရောက်ရှိနေထိုင်သည့် ရက်ပေါင်း ၅၃၅ ရက်မြောက်အဖြစ် စံချိန်တင်သည့် ရက်တွင် ထရမ့်က ဗီဒီယိုမှတစ်ဆင့် ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းလည်းဖြစ်သည်။

ပတ်ဂီအနေဖြင့် ၀ါရှင်တန်စံတော်ချိန် ၁ နာရီ ၂၇ မိနစ်တွင် အာကာသအတွင်း အမေရိကန်တစ်ဦး အများဆုံးရောက်ရှိနေထိုင်သည့် ဂျက်ဝီလီယံ၏ စံချိန်ကို ချိုးလိုက်နိုင်ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags