မန်စီးတီးနှင့်ဒါဘီပွဲမှာ ဘောလုံးရာသီ အကောင်းဆုံးပွဲဟု ဟာရဲရားတံဆိပ်ကပ်

မန်စီးတီးနှင့်ဒါဘီပွဲမှာ ဘောလုံးရာသီ အကောင်းဆုံးပွဲဟု ဟာရဲရားတံဆိပ်ကပ်

ဧပြီ ၂၅၊ မန်ချက်စတာ။                   ။ မန်ချက်စတာစီးတီးအသင်းနှင့်ကစားရမည့် မန်ချက်စတာဒါဘီပွဲစဉ်မှာ ဘောလုံးရာသီအကောင်းဆုံးပွဲဟု မန်ချက်စတာ ယူနိုက်တက်ကွင်းလယ်လူ ဟာရဲရားက ပြောဆိုလိုက်သည်။

အဆင့် ငါးနေရာတွင် ရပ်တည်နေသော ယူနိုက်တက်သည် အဆင့် လေးနေရာမှ တစ်မှတ်အကွာဖြင့်ရပ်တည်နေသည့် မန်စီးတီး အသင်းနှင့် ကြာသပတေးနေ့တွင် အီတီဟတ်သို့ သွားရောက် ရင်ဆိုင်ရမည်ဖြစ်သည်။

ပရီးမီးယားလိဂ် ၂၃ ပွဲဆက်ရှုံးပွဲမရှိသေးသော ၎င်း၏အသင်းအတွက် ယင်းပွဲမှာအဆုံးအဖြတ်ပွဲလည်းဖြစ်လာနိုင်သည်ဟု အသက် ၂၇ နှစ်အရွယ် ဟာရဲရားက ပြောသည်။

“ဒီရာသီရဲ့ အကောင်းဆုံးပွဲဖြစ်လာနိုင်တယ်။ သူတို့ထက်တစ်မှတ်နည်းနေတဲ့ ကျွန်တော်တို့နိုင်လိုက်ရင် ထိပ်သီးလေးသင်းထဲ ဝင်ဖို့အခွင့်အရေးရမယ်။ ဒါပေမဲ့သူတို့နိုင်သွားရင် ကျွန်တော်တို့အတွက် သိပ်ခက်သွားလိမ့်မယ်။

နိုင်သူစားခံစားချက်မျိုးကိုကျွန်တော်မသိပေမယ့် ဒီပွဲက ပွဲကြီးတစ်ပွဲဖြစ်လာလိမ့်မယ်။ ကျွန်တော်တို့ထဲက နိုင်သွားတဲ့အသင်း အနေနဲ့ နောက်ပွဲတွေမှာ အမှားခံတော့မှာမဟုတ်ဘူး။

ကျွန်တော်တို့အကောင်းဆုံးပုံစံရနေပြီး သူတို့ကိုလည်း လေးစားပါတယ်။ ကြာသပတေးနေ့ပွဲမှာ ရလဒ်ကောင်းဖို့ ကျွန်တော်တို့ အများကြီးကြိုးစားနေကြပါတယ်”ဟု ဟာရဲရားက ပြောသည်။

Ref; goal.com

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly