ATP အဆင့် သတ်မှတ်ချက်တွင် နာဒါးလ် အဆင့် ၅ နေရာထိ ခုန်တက်၊ ထိပ်ဆုံးနေရာကို မာရေး ဆက်လက် ထိန်းသိမ်းထား

ATP အဆင့် သတ်မှတ်ချက်တွင် နာဒါးလ် အဆင့် ၅ နေရာထိ ခုန်တက်၊ ထိပ်ဆုံးနေရာကို မာရေး ဆက်လက် ထိန်းသိမ်းထား
စပိန်ကစားသမား ရာဖေးလ် နာဒါးလ်။ (ဓာတ်ပုံ - အီးပီအေ)

ဧပြီ ၂၄ ရက်၊ တနင်္လာနေ့က ထုတ်ပြန်လိုက်တဲ့ ပရိုဖက်ရှင်နယ်များ တင်းနစ်အဖွဲ့ချုပ် (ATP) ရဲ့ အမျိုးသားတစ်ဦးချင်း အဆင့်သတ်မှတ်ချက်မှာ စပိန်ကစားသမား ရာဖေးလ် နာဒါးလ်ဟာ အဆင့် ၂ ဆင့် ခုန်တက်ကာ အဆင့် ၅ နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး ဗြိတိန်ကစားသမား အန်ဒီမာရေးက ကမ္ဘာ့အဆင့် ၁ နေရာမှာ ဆက်လက် ရပ်တည်နေဆဲပါ။

နာဒါးလ်ဟာ Monte-Carlo Rolex မာစတာဖိုင်နယ်မှာ ပြိုင်ဘက် အဲလ်ဘတ်ရာမို့စ် ဗီနိုလက်စ်ကို ၆-၁၊ ၆-၃ ဖြင့် အနိုင်ရခဲ့ပြီးနောက် အခုလို အဆင့်မြင့်တက်လာတာဖြစ်ပါတယ်။

ဆားဗီးယား တင်းနစ်ကစားသမား ဂျိုဂိုဗစ်က ဒုတိယ၊ သူ့နောက်မှာ ဆွစ်ဇာလန်က စတန် ဝေါ်ရီကာနဲ့ ရော်ဂျာ ဖက်ဒရာတို့အသီးသီး ရပ်တည်နေပါတယ်။

လက်ရှိ ATP (အမျိုးသား) အဆင့်များနှင့် ရမှတ်များ

၁) အန်ဒီမာရေး (ဗြိတိန်) ရမှတ် ၁၁,၆၉၀
၂) ဂျိုဂိုဗစ် (ဆားဗီးယား) ရမှတ် ၈,၀၈၅
၃) စတန် ဝေါ်ရီကာ (ဆွစ်ဇာလန်) ရမှတ် ၅,၆၉၅
၄) ရော်ဂျာ ဖက်ဒရာ (ဆွစ်ဇလန်) ရမှတ် ၅,၁၂၅
၅) ရာဖေးလ် နာဒါးလ် (စပိန်) ရမှတ် ၄,၂၃၅
၆) ရာအိုနစ် (ကနေဒါ) ရမှတ် ၄,၁၆၅
၇) နီရှီကိုရီ (ဂျပန်) ရမှတ် ၄,၀၁၀
၈) မာရင်း ဆီလက် (ခရိုအေးရှား) ရမှတ် ၃,၅၆၅
၉) ဒေါ်မနစ်သိမ်း (သြစတြီးယား) ရမှတ် ၃,၃၈၅
၁၀) ဒေးဗစ် ဂေါ်ဖင် (ဘယ်လ်ဂျီယံ) ရမှတ် ၂,၉၇၅

©EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly