Action labour Rightက အလုပ်သမားနေ့အထိမ်းအမှတ်ပွဲ မေဒေးနေ့တွင် ကျင်းပမည်

Action labour Rightက အလုပ်သမားနေ့အထိမ်းအမှတ်ပွဲ မေဒေးနေ့တွင် ကျင်းပမည်

Action labour Right အဖွဲ့အနေဖြင့် အလုပ်သမားအဖွဲ့အစည်းများကို အစိုးရဘက်က ဥပဒေအရ အကာအကွယ်ပေးရန်၊ တစ်နေ့ အလုပ်ချိန် (၈) နာရီ စတင်ဖြစ်ပေါ်လာမှုကို ဂုဏ်ပြုသည့်အနေဖြင့် လှိုင်သာယာရှိ အလုပ်သမားအဖွဲ့အစည်းများက မေလ (၁) ရက်နေ့တွင် အလုပ်သမားနေ့ အထိမ်းအမှတ်ပွဲ ကျင်းပရန်ရှိနေသည်။

ယခုလက်ရှိတွင် ပူးပေါင်းလုပ်ဆောင်မည့် အလုပ်သမားအဖွဲ့အစည်းများနှင့် ညှိနှိုင်းနေဆဲဖြစ်သည်ဟု Action labour Right အဖွဲ့၏ ဒါရိုက်တာ ကိုသူရိန်အောင် ကပြောသည်။

အလုပ်သမားရေးကိုဆောင်ရွက်နေသည့် အဖွဲ့အစည်းများဖြစ်သည့် ဘာမားယူနီယံ BMU ၊ STUM နှင့် လယ်သမား၊ အလုပ်သမားတက်ကြွလှုပ်ရှားသူများအဖွဲ့ စသည့် အဖွဲ့များ ပါဝင်မည်ဖြစ်သည်။

“ကျွန်တော်တို့တစ်ဖွဲ့တည်းအနေနဲ့ စဉ်းစားထားတဲ့အပိုင်းကတော့ တစ်နေ့အလုပ်ချိန် (၈) နာရီစတင်ဖြစ်ပေါ်လာတာကို ဂုဏ်ပြုတဲ့အနေနဲ့ ကိစ္စတစ်ခုဖြစ်မယ်။ နောက်တစ်ပိုင်းက အလုပ်သမားအဖွဲ့အစည်းတွေကို အစိုးရဘက်က ဥပဒေအရ အကာအကွယ်ပိုပေးဖို့ဆိုတဲ့ ကိစ္စမျိုးတွေကို ပြောမယ်လို့တော့ ကျွန်တော်တို့အဖွဲ့က စဉ်းစားထားတာရှိတယ်။” ဟု ALR အဖွဲ့မှ ကိုသူရိန်အောင်က ပြောသည်။

နိုင်ငံတကာတွင် အလုပ်သမားနေ့ကို ၁၉ရာစု နှောင်းပိုင်းကစပြီး အမေရိကန်နိုင်ငံက စတင် ကျင်းပခဲ့ကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ၁၉၃၈ ခုနှစ်က ပထမဆုံး မေဒေးနေ့အခမ်းအနားကို ရေနံချောင်းမြို့မှာ ကျင်းပခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly