မောင်တော၌ WY ရ၀၀၀ ပြား ဖမ်းဆီးရမိ

မောင်တော၌ WY ရ၀၀၀ ပြား ဖမ်းဆီးရမိ
ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ

ဧပြီ ၂၄၊။             ။ မောင်တောမြို့နယ် နယ်မြေ ၄ လိပ်ရလမ်းဆုံအနီး၌ ကြိမ်ချောင်းနယ်မြေရဲစခန်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များ လှည့်ကင်းဆောင်ရွက်နေစဉ် အခကြေးငွေယူ၍ WY ဆေးပြား ရ၀၀၀ သြယ်ဆောင်လာသူနှစ်ဦးအား ဧပြီ ၂၃ ရက် ညနေ ၄ နာရီခွဲတွင် ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာ မောင်တောမြို့နယ် ရွှေဇားကျေးရွာနေသူများဖြစ်သည့် မူဟာမက်အလီယက် ၂၇ နှစ် နှင့် ဟာမီတူဆောင်း ၄၀ နှစ်တို့နှစ်ဦး စီးလာသည့် ဆိုင်ကယ်အား ရပ်တန့်စေပြီးရှာဖွေစစ်ဆေးရာ အာလူး၊ ငါးခြောက်၊ ဆပ်ပြာမှုန့်ထုပ်များဖြင့်ရော၍ သယ်ဆောင်လာသောWY ဆေးပြား ရ၀၀၀ ပြား ကာလတန်ဖိုးငွေ ၁၄ သိန်းဖိုး အား ဖမ်းဆီးသိမ်းဆည်းရမိခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီမှ ထုတ်ပြန်သည်။

၎င်းတို့နှစ်ဦးအား မေးမြန်းစစ်ဆေးရာ ရွှေဇား(ကန်ဘဲ့)ရွာနေ အဒူ ၃၅ နှစ် မှ သယ်ဆောင်ခ ငွေ ၅၀၀၀၀ ကျပ်ပေး၍ တောင်ပြို(ယာ)မြို့ နေ ဒီမာမောက် ၂၄ နှစ်ထံ ပို့ဆောင်ရန် ထွက်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly