နှစ် ရ၀ ကြာပြီးမှ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့ သမိုင်းဝင်ပိုင်နက် အလဲအလှယ်ပြုလုပ်

နှစ် ရ၀ ကြာပြီးမှ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့ သမိုင်းဝင်ပိုင်နက် အလဲအလှယ်ပြုလုပ်

ဒါဟာလာခက်ဂရာဘာရီ၊ ဇူလိုင် ၃၀ ။        ။ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့သည် ယခုသီတင်းပတ်တွင် နောက်ဆုံးအားဖြင့် သေးငယ်သောကျွန်းငယ်လေးများပုံစံ နယ်မြေများကို အလဲအလှယ်ပြုလုပ်တော့ မည်ဖြစ်ရာ လူထောင်ပေါင်းများစွာအား နှစ် ၇၀နီးပါး နိုင်ငံမဲ့မရေရာသောကာလဖြင့် နေထိုင်စေခဲ့သော ကမ္ဘာ့အခက်ခဲဆုံးနယ်ခြားအငြင်းပွားမှုတစ်ခုမှာ အဆုံးသတ်သွားတော့မည်ဖြစ်သည်။

နှစ်နိုင်ငံဝန်ကြီးချုပ်များကြား သမိုင်းဝင်သဘောတူညီချက်ရရှိပြီးနောက် သန်းခေါင်ယံအလွန် တစ်မိနစ်အကြာ သောကြာနေ့တွင် နယ်စပ်တစ်လျှောက် နေထိုင်သူ ၅၀,၀၀၀ခန့်သည် ဖယောင်းတိုင်များထွန်း ညိကာ အသစ်တွေ့ရှိသည့် လွတ်လပ်မှုအတွက် အောင်ပွဲခံကြမည်ဖြစ်သည်။ "ဖယောင်းတိုင် ၆၈ တိုင်က ၁၉၄၇ခုနှစ်ကနေစပြီး ကျွန်တော်တို့ရဲ့ ၆၈နှစ်တာနာကျင်မှုသောကတွေရဲ့ အထိမ်းအမှတ်ပါ။

ဘယ်ဘက်ကမှမပိုင်တဲ့ နယ်မြေမှာ ဆင်းရဲသောကတွေနဲ့ နေထိုင်ခဲ့ရပါတယ်"ဟု ဘင်္ဂလားဒေ့ရှ်၏ ကူရီဂရမ်ခရိုင်ရှိ အိန္ဒိယနယ်မြေတစ်ခုတွင် နေထိုင်သော ဂိုလမ်မော့စတာဖာက ပြောကြားခဲ့သည်။

နိုင်ငံတစ်ခု၏ပိုင်နက်အကွက်များကို အခြားနိုင်ငံတစ်ခု၏ပိုင်နက်များက ဝန်းရံထားသည့် နယ်မြေ ၁၆၂ခုတွင် နေထိုင်သူများသည် စာသင်ကျောင်းများ၊ ဆေးခန်းများ၊လျပ်စစ်မီးနှင့် ရေကဲ့သို့ အခြေခံ ဝန်ဆောင်မှုများ မရရှိကြပေ။

အကြောင်းမှာ ၎င်းတို့၏ အမျိုးသားအစိုးရများက ဖြတ်တောက်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ဇွန်လက အပြီးသတ်သဘောတူမှုအရ ဇူလိုင် ၃၁ တွင်အသက်ဝင်မည်ဖြစ်ရာ နိုင်ငံအသီးသီးက ၎င်းတို့ပိုင်နက်ရှိ နယ်မြေအသီးသီးကို အချုပ်အခြာအာဏာပိုင်နယ်မြေအဖြစ် သတ်မှတ်တော့မည်ဖြစ်သဖြင့် ကျွန်းများပုံစံတည်ရှိနေတော့မည်မဟုတ်ဟု ဆိုသည်။

ဒေသခံများအနေဖြင့် အိန္ဒိယဘက်တွင် ဖြစ်စေ၊ ဘင်္ဂလားဒေ့ရှ်ဘက်တွင်ဖြစ်စေ နေထိုင်ရန်ရွေးချယ်နိုင်မည်ဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံက နိုင်ငံသားဖြစ်ခွင့်ပေးမည်ဖြစ်သည်။ ၎င်းတို့သည် ကီလိုမီတာ ၄,၀၀၀ရှည်လျားသော နယ်စပ်တတစ်လျှောက်လှုပ်ရှားသွားလာနိုင်မည်လည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly