ဘာစီလိုနာအတွက်သွင်းဂိုး ၅၀၀ ပြည့်သွားသည့် မက်ဆီကို ထာဝရအကောင်းဆုံးကစားသမားဟု အန်းနရစ်ချီးကျူး

ဘာစီလိုနာအတွက်သွင်းဂိုး ၅၀၀ ပြည့်သွားသည့် မက်ဆီကို ထာဝရအကောင်းဆုံးကစားသမားဟု အန်းနရစ်ချီးကျူး

ဧပြီ ၂၄၊ ဘာစီလိုနာ။           ။ အယ်လ်ကလာစီကိုဒါဘီပွဲတွင် ရီးယဲလ်မက်ဒရစ်ကို ဘာစီလိုနာအသင်း ၂-၃ ဂိုးဖြင့်အနိုင်ရခဲ့ရာ၌ အဖွင့်ဂိုးနှင့် နောက်ကျအနိုင်ဂိုး သွင်းပြီး ဘာစီလိုနာအတွက်သွင်းဂိုး ၅၀၀ ပြည့်သွားသည့် အာဂျင်တီးနားသူရဲကောင်းမက်ဆီကို ဘာစီလိုနာအသင်းဖော်များနှင့် နည်းပြ အန်းနရစ်က ချီးကျူးလိုက်သည်။

အာဂျင်တိုင်းကျောနံပါတ် ၁၀ ကိုနည်းပြကချီးကျူးခဲ့သလို အသင်းခေါင်းဆောင် အင်နီယေစတာကလည်း မက်ဆီကိုပိုင်ဆိုင်ထား ခြင်းမှာ ဂုဏ်ယူစရာကောင်းပြီး ကောင်းချီးမင်္ဂလာတစ်ခုဖြစ်သည်ဟု ဆိုသည်။

“မက်ဆီရဲ့ အံ့မခန်းအကြောင်းအရာကတော့ အံ့သြစရာတွေသူဆက်လုပ်နေနိုင်တာလို့ ယူဆပါတယ်။ နှစ်တွေအများကြီးကြာခဲ့ ပြီးနောက်မှာလည်း သူကအဖိုးတန်နေတုန်းပဲ။ အသင်းကသူ့ကိုပိုင်ဆိုင်ထားခွင့်ရတာဟာ ဂုဏ်ယူစရာကောင်းတဲ့ ကောင်းချီး မင်္ဂလာတစ်ခုဖြစ်ပါတယ်”ဟု ပွဲအပြီးတွင် အင်နီယေစတာက ပြောသည်။

နည်းပြ အန်းနရစ်ကလည်း မက်ဆီသည် ၎င်းကြည့်ဖူးသမျှဘောလုံးပွဲများ၊ ဘောလုံးပွဲရုပ်သံများစွာအနက် ထာဝရအကောင်းဆုံး ကစားသမားဖြစ်ကြောင်း လက်ရှိတွင်လူများသည်မက်ဆီအတွက်ပိုပြင်ဆင်လာကြတော့မည်ဖြစ်ပြီး ခြားနားမှုကိုမက်ဆီက လုပ်ပြ နိုင်ခဲ့ကြောင်း၊ ဂိုး ၅၀၀ လည်းပြည့်ခဲ့ပြီဖြစ်ကြောင်း ဆိုသည်။

“စိတ်မှာမြင်ယောင်ကြည့်ပါ။ သူ့အတွက် ၅၀၀ ပြည့်ဂိုးလည်းရောက်လာတယ်၊ ဆန်တီယာဂို ဘာနေဗျူးမှာ ၉၂ မိနစ်မှာ အနိုင်ဂိုး လည်းဖြစ်တယ်။ မက်ဆီအတွက် သိပ်ကောင်းလွန်းပြီး ဘာစီလိုနာအတွက်လည်း ကောင်းခဲ့တယ်” အန်းနရစ်ကပြောသည်။

ဂိုးသမားတားစတီဂန်နှင့် တိုက်စစ်မှူး ဆွာရက်ဇ်တို့ကလည်း မက်ဆီကို သမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားဟု ချီးကျူးခဲ့ကြသည်။

ဘာစီလိုနာစီနီယာအသင်းအတွက် ပြိုင်ပွဲစုံ ဂိုး ၅၀၀ ပြည့်ခဲ့သည့် မက်ဆီသည် လာလီဂါဟက်ထရစ် ၂၅ ကြိမ်အပါအဝင် စုစုပေါင်း ဟက်ထရစ် ၃၆ ကြိမ်ရရှိခဲ့သည်။

ဂိုးများသွင်းယူသည့် ၁၀ ရာသီအတွင်း ဂိုးအများဆုံးသွင်းနိုင်ခဲ့သည့်ရာသီမှာ ၂၀၁၁-၁၂ ဘောလုံးရာသီဖြစ်ပြီး ပြိုင်ပွဲစုံ ပွဲ ၆၀ မှ ရ၃ ဂိုးရရှိခဲ့သည်။ ယင်းနှစ်တွင် ဟက်ထရစ် ရှစ်ကြိမ် ပါဝင်သည့် လာလီဂါဂိုး ၅၀ သွင်းယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဂိုး ၁၄ ဂိုးလည်း ရရှိခဲ့သည်။

တစ်ပွဲတည်းလေးဂိုးသွင်းနိုင်သည့်ပွဲ လေးပွဲရှိခဲ့ပြီး ၂၀၁၀ ဧပြီတွင် အာဆင်နယ်၊ ၂၀၁၂ တွင် ဗလင်စီယာနှင့် အက်စပန်ညို၊ ၂၀၁၃ တွင် အိုဆာဆူနာအသင်းတို့ဘက်သို့ သွင်းနိုင်ခဲ့သည်။ ငါးဂိုးသွင်းနိုင်သည့်ပွဲ တစ်ပွဲရှိခဲ့ပြီး ၂၀၁၂ မတ်၊ ချန်ပီယံလိဂ်တွင် လေဗာကူဆင်ကို ရ-၁ ဂိုးဖြင့်အနိုင်ရခဲ့ရာတွင် သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

ကစားသမားဘဝတွင် ဂိုးအများဆုံး သွင်းထားနိုင်သည့်အသင်းမှာ ဆီဗီလာဘက်သို့ဖြစ်ပြီး ၂၉ ဂိုးသွင်းယူနိုင်ခဲ့သည်။ အက်သလက်တီကိုဘက်သို့ ၂၇ ဂိုး၊ ဗလင်စီယာဘက်သို့ ၂၄ ဂိုးသွင်းနိုင်ခဲ့သည်။

Ref; Mirror, Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly