ဆုဖလားလက်မဲ့ဖြစ်မှုမှ မန်စီးတီးသင်ယူရလိမ့်မည်ဟု ဂွါဒီယိုလာပြော

ဆုဖလားလက်မဲ့ဖြစ်မှုမှ မန်စီးတီးသင်ယူရလိမ့်မည်ဟု ဂွါဒီယိုလာပြော

ဧပြီ ၂၄၊ အင်္ဂလန် ။            ။ အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲစဉ်တွင် အာဆင်နယ်အသင်းကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက်တွင် မန်စီးတီးနည်းပြဂွါဒီယိုလာက မန်စီးတီးအသင်းအနေဖြင့် ဆုဖလားလက်မဲ့ဖြစ်မှုမှ သင်ယူရလိ့မ်မည်ဟု ပြောဆိုလိုက်သည်။

ထိုပွဲစဉ်တွင် မန်စီးတီးအသင်းသည် အဂူရို၏ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း မွန်ရီရယ်က အာဆင်နယ်အတွက် ချေပဂိုးပြန်သွင်းပေးခဲ့ကာ ဆန်းချက်ဇ်က အချိန်ပိုတွင် အနိုင်ဂိုးကို သွင်းယူပေးသွားခဲ့သည်။

‘ကျွန်တော်တို့ မတ်မတ်ပြန်ရပ်ရပါလိမ့်မယ်။ လာမယ့် ကြာသပတေးနေ့မှာ မန်ယူနဲ့ မန်ချက်စတာဒါဘီ ပွဲကြီးပွဲကောင်းကို ကစားရဖို့ ရှိပါတယ်။ ဒီနေ့မှာ ကျွန်တော်တို့အသင်းဟာ ကစားသင့်တဲ့ပုံစံအတိုင်း ကစားခဲ့တာပါပဲ။ အဲ့ဒီအတွက် နောင်တ မရပါဘူး’ ဟု ဂွါဒီယိုလာက ပြောဆိုခဲ့သည်။

ယခုပွဲတွင် အာဆင်နယ်ကို ရှုံးနိမ့်ခဲ့ရခြင်းကြောင့် ဂွါဒီယိုလာမှာ သူ၏နည်းပြဘဝတွင် ပထမဆုံးဆုဖလားလက်မဲ့ရာသီနှင့် ရင်ဆိုင်ခဲ့ရသည်။

ထို့ကြောင့် ဂွါဒီယိုလာက ‘ကျွန်တော်တို့ လာမယ့်ရာသီမှာ ပိုပြီးတိုးတက်လာပါလိမ့်မယ်။ ကျွန်တော်တို့ပိုပြီး သန်မာလာမှာပါ။ ဆုဖလားလက်မဲ့ဖြစ်မှုကနေ သင်ယူရပါလိမ့်မယ်’ ဟု ပြောဆိုခဲ့သည်။
ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly