လမ်းခွဲကြောင်း ကြေညာခဲ့သည့် Yeeun နှင့် Jeong Jinwoon တို့စုံတွဲ

လမ်းခွဲကြောင်း ကြေညာခဲ့သည့် Yeeun နှင့် Jeong Jinwoon တို့စုံတွဲ

Wonder Girls အဖွဲ့ဝင်ဟောင်း Yeeun နှင့် 2AM အဖွဲ့မှ အဆိုတော် Jeong Jinwoon တို့သည် လေးနှစ်နီးပါး ခန့် ချစ်သူများအဖြစ် လက်တွဲခဲ့အပြီးတွင် လမ်းခွဲပြတ်ဆဲကြောင်း ဧပြီ ၂၄ ရက်နေ့တွင် ကြေညာခဲ့သည်။

သတင်းများအရ ၄င်းတို့စုံတွဲသည် မိတ်ဆွေကောင်းများအဖြစ်သာ ဆက်လက်နေထိုင်သွားကြရန် ဆုံးဖြတ်ခဲ့ ကြောင်းသိရသည်။ “သူတို့စုံတွဲဟာ လေးနှစ်လောက် လက်တွဲခဲ့အပြီးမှာ လမ်းခွဲခဲ့ကြပါတယ်။ ဘာအကြောင်း ကြောင့် လမ်းခွဲခဲ့ရတယ်လို့တော့ သီးခြားအကြောင်းပြချက်တွေ မရှိပါဘူး။ ဒီအတိုင်းပဲ သူတို့ ခပ်တန်းတန်းဖြစ် သွားကြတာပါ” ဟု သတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။

Yeeun ၏ အေဂျင်စီဖြစ်သော Amoeba Culture က လမ်းခွဲလိုက်ပြီဆိုသော သတင်းများကို အတည်ပြုပေးခဲ့ ပြီး “သူမဟာ Jeong Jinwoon နဲ့ လမ်းခွဲလိုက်ပြီဆိုတာ မှန်ပါတယ်။ ဘာကြောင့် လမ်းခွဲခဲ့တယ် ဆိုတာကိုတော့ ကျနော်တို့ ထုတ်ဖော်ပြောကြားလို့မရပါဘူး။ ဒါဟာသူမရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်နေလို့ပါ” ဟု ပြောကြားခဲ့ သည်။

၄င်းတို့စုံတွဲသည် JYP Entertainment မှ ဂီတအဖွဲ့နှစ်ခုဖြစ်သော Wonder Girls နှင့် 2AM တို့တွင် အဖွဲ့ဝင်များ အဖြစ် ပါ၀င်ခဲ့ကြရင်း စတင်တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။ သူတို့နှစ်ဦးသည် လွန်ခဲ့သော ၂၀၁၄ ခုနှစ်က ချစ်သူ များအဖြစ် တရားဝင် လက်တွဲခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly