အဲအေးရှားမှ ဆီးဂိမ်း နှင့် အာဆီယံမသန်စွမ်း ပြိုင်ပွဲအတွက် ပျံသန်းပေးမည်

အဲအေးရှားမှ ဆီးဂိမ်း နှင့် အာဆီယံမသန်စွမ်း ပြိုင်ပွဲအတွက် ပျံသန်းပေးမည်
 

ဧပြီလ၁၀ရက်နေ့၂၀၁၇ - အဲအေးရှားသည် ၂၉ နှစ်မြောက် ဆီးဂိမ်း နှင့် ၉နှစ်မြောက် အာဆီယံ မသန်စွမ်းပြိုင်ပွဲတို့အတွက် တရားဝင် လေကြောင်းလိုင်းအဖြစ် လက်မှတ်ရေးထိုးခဲ့သည်။ အဲအေးရှားသည် Gold sponsor  အနေဖြင့် ပြိုင်ပွဲစီစဉ်ရာတွင် အဆင်ပြေစေရန် Malaysia Organising Committee (MASOC) မှတာဝန်ရှိသူများ အတွက်လေကြောင်းလိုင်းမှ ပြေးဆွဲနေသော အာဆီယံကွန်ယက် အတွင်းရှိ နိုင်ငံများအတွက် လေယာဉ်လက်မှတ်များကို ပံ့ပိုးပေးသွားမည်ဖြစ်သည်။

အဲအေးရှား၏ အမူဆောင်အရာရှိချုပ် တိုနီဖာနန်ဒက်ကပြောသည်မှာ"အဲအေးရှားက SEA Games and Asean Para Games တို့ အတွက်ပြေးဆွဲပေးရတာ ဂုဏ်ယူပါတယ်။ အာဆီယံ အဲလိုင်းတစ်ခုအနေနဲ့ ဒေသရဲ့ ထိပ်တန်းအားကစားသမားများနဲ့ မသန်စွမ်းအားကစားသမားများ စုဝေးကြတဲ့ အကြီးဆုံးပွဲကြီးမှာစိတ်အားထက်သန်စွာနဲ့ ကူညီခွင့်ရတာကိုပေါ့"

"အားကစားပွဲတွေဆိုတာဒေသတစ်ခုအနေနဲ့ ဘာတွေကိုအောင်မြင်ရရှိနိုင်တယ် ဆိုတာကိုပြဖို့အတွက် ဥပမာကောင်းတစ်ခုပါပဲ။ကျွန်တော်တို့အနေနဲ့ အခုလိုမျိုးကောင်းမွန်တဲ့ချိတ်ဆက် ဆက်သွယ်မူကနေ တစ်ဆင့် စည်းလုံးညီညွတ်မူကို မြင့်တင်နိုင်မဲ့ အခွင့်အရေးကိုရခဲ့ တဲ့အတွက် စိတ်လူပ်ရှားမိပါတယ် "

ပြီးတော့ အဲအေးရှားကနေထွန်းတောက်လာမဲ့အာဆီယံအားကစားသမားလေးတွေကိုသူတို့ အလားအလာရှိတာထက်ကိုအောင်မြင်လာစေဖို့ ကူညီပေးနေတဲ့ Dare to Dream platform    ကနေတဆင့် အားကစားအဖွဲ့အစည်းတွေ နဲ့ ပိုပြီးနက်နဲအဓိပ္ပါယ်ရှိတဲ့ ဆက်စပ်မှုကိုလည်းမှု ကိုလည်းမှတ်ကျောက်တင်ခဲ့ပါတယ်

MASOC ရဲ့ chairman YB Brig Gen KhairyJamaluddin ကပြောသည်မှာ “အဲအေးရှားရဲ့ စဉ်ဆက်မပြတ်ကတိတည်မှု နဲ့ နိုင်ငံနဲ့ ဒေသတို့ရဲ့ အားကစားလုပ်ငန်းစဉ်တွေကို စိတ်အားထက်သန်စွာ ထောက်ပံ့ပေးတာတွေအတွက် အရမ်းကိုဂုဏ်ယူမိပါတယ်။ဒါဟာအဲအေးရှားအနေနဲ့ လူ့အဖွဲ့အစည်းကိုအားကစားကနေတဆင့် ပြန်လည်ပေးဆပ်ထောက်ပံ့သွားဖို့ စိတ်ပိုင်းဖြတ်ထားတယ်ဆိုတာကို သက်သေပြလိုက် တာပဲဖြစ်ပါတယ် “

ဆီးဂိမ်း နှင့် အာဆီယံမသန်စွမ်းပြိုင်ပွဲများသည် အာဆီယံတွင် အကြီးဆုံးအားကစားပြိုင်ပွဲကြီးများဖြစ်ပြီးဒေသတွင်းနိုင်ငံများအနေဖြင့် ခင်မင်ရင်းနှီးစွာယှဉ်ပြိုင်ခြင်းမှတစ်ဆင့် အချင်းချင်းနားလည် လာပြီး ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်နိုင်စေရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

ဤအားကစားပြိုင်တွင် အာဆီယံ၁၀နိုင်ငံ မှ အားကစားသမားများမှ အားကစားအမျိုးပေါင်း ၃၈ မျိုးအတွက် ပြိုင်ပွဲစဉ်ပေါင်း ၄၀၅ ပွဲကို ၁၉ရက်သြဂုတ်လမှ ၃၁ရက်သြဂုတ်လထိ ယှည်ပြိုင်ကြမည် ဖြစ်သည်။ ပိတ်ပွဲကြီးမှာလည်းတိုက်ဆိုင်စွာပင် မလေးရှားနိုင်ငံ ၏ (၆၀) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ကျရောက်မည်ဖြစ်သည်။

The Asean Para Games ကို နိုင်ငံပေါင်း ၁၁ နိုင်ငံမှ ဦးနှောက် သွက်ချာပါဒ ဆိုင်ရာဝေဒနာခံစားနေရသူများ လှုပ်ရှားသွားလာနိုင်လောက်သည်အထိ မသန်စွမ်းသူများ အမြင်အာရုံမသန်စွမ်းသူများ ခြေလက် မသန်စွမ်းသူမျာ:ဖြင့် သာ ၁၇ရက် စက်တင်ဘာလမှ ၂၃ရက်စက်တင်ဘာလအထိ မသန်စွမ်းအားကစားနည်းပေါင်း ၁၆နည်းဖြင့်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည် ။

ယခုပွဲသည် မလေးရှားနိုင်ငံအတွက် ဆီးဂိမ်းကိုလက်ခံကျင်းပခဲ့ခြင်းမှာ (၆) ကြိမ်မြောက်ဖြစ်ပြီးAsean Para Games ကိုမူ (၃)ကြိမ်မြောက်လက်ခံကျင်းပခဲ့ခြင်းဖြစ်သည်။ ကွာလာလမ်ပူဆီးဂိမ်း ၂၀၁၇ သည် Asean Community 2015 ဖွဲ့စည်းပြီး ၎င်းတို့ ၏အာဘော် ကို "Rising together" ဟုပြောင်းလဲပြီးသည့်နောက်ပိုင်းတွင် ပထမဆုံးကျင်းပခဲ့သော အားကစား ပြိုင်ပွဲဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly