ဗြိတိသျှကောင်စီ၏ IELTS နိုင်ငံအဆင့်ပညာသင်ဆု မြန်မာကျောင်းသားနှစ်ဦးရရှိ

ဗြိတိသျှကောင်စီ၏ IELTS နိုင်ငံအဆင့်ပညာသင်ဆု မြန်မာကျောင်းသားနှစ်ဦးရရှိ

ဇူလိုင် ၃၀ ရက်။      ။ မြန်မာနိုင်ငံမှ နိုင်ငံအဆင့်ပညာသင်ဆုအဖြစ် ဒေါက်တာထင်ကျော်သူနှင့် မောင်ဟိန်းမင်းထိုက်တို့မှ ဗြိတိသျှ ပေါင်စတာလင် ၂၀၀၀ (ငွေကျပ် ၃,၉၀၀,၀၀၀) စီ အသီးသီးရရှိခဲ့ကြောင်း ဗြိတိသျှကောင်စီက ထုတ်ပြန်သည်။

ဒေါက်တာထင်ကျော်သူမှာ Master of Public Health ဘာသာရပ်ကို စင်ကာပူနိုင်ငံရှိ NUS, Saw Swee Hock School of Public Health တွင် သွားရောက်ပညာသင်ကြားမည်ဖြစ်ပြီး မောင်ဟိန်းမင်း ထိုက်မှာ Advanced Computer Science ဘာသာရပ်ကို ယူကေနိုင်ငံရှိ Cardiff University တွင်သွားရောက် ပညာသင်ကြားမည်ဖြစ်သည်။

ပညာသင်ဆုရရှိသော ကျောင်းသားများအတွက် ၎င်းတို့တက်မည့် ကျောင်းသို့ တိုက်ရိုက် ငွေကြေးပေးသွင်း  ပေးသွားမည်ဖြစ်သည်။

နိုင်ငံတကာရှိ တက္ကသိုလ်၊ ကောလိပ်များတွင် အဆင့်မြင့်ပညာ ဆည်းပူးနိုင်ရေးအတွက် ပညာရေးအခွင့်အလမ်းများကို ဖွင့်လှစ်ပေးရန် ရည်ရွယ်ပြီး ဗြိတိသျှကောင်စီမှ IELTS ပညာသင်ဆုအစီအစဉ်ကို ၂၀၁၁ မှစတင်၍ နှစ်စဉ်ပြုလုပ်ပေးကြောင်း သိရသည်။

၎င်းပညာသင်ဆု အစီအစဉ်မှ အရှေ့တောင်အာရှဒေသရှိ ကျောင်းသား၊ ကျောင်းသူပေါင်း (၁၂၃) ဦး အား ကမ္ဘာတစ်ဝှမ်းရှိ တက္ကသိုလ်၊ ကောလိပ်များတွင် ပညာဆည်းပူးရန်အတွက် ပံ့ပိုးပေးခဲ့သည်။ ယခုနှစ်တွင်လည်း ထူးချွန်ကျောင်းသားပေါင်း (၄၇) ဦးကို ရွေးချယ်ချီးမြှင့်ခဲ့ပါသည်။

မြန်မာနိုင်ငံ၏ IELTS ပညာသင်ဆုပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ရှိ ဗြိတိသျှကောင်စီတွင် ဇူလု်ိင်လ ၂၆ ရက် နေ့၌ ကျင်းပခဲ့သည်။

အပြည်ပြည်ဆိုင်ရာ အင်္ဂလိပ်စာအရည်အချင်းစစ် စာမေးပွဲတစ်ခုအနေနှင့် IELTS စာမေးပွဲသည် ၂၀၁၄ ၌ပင် ဖြေဆိုသူ ပေါင်း ၂.၅ သန်း ရှိခဲ့ပြီး ကမ္ဘာတစ်ဝှမ်းရှိ တက္ကသိုလ်များ၊ ကောလိပ်များနှင့် လူဝန်မှုကြီးကြပ်ရေး အာဏာပိုင်များအပါအဝင် အဖွဲ့အစည်းပေါင်း ၉၀၀၀ ကျော်က အသိအမှတ်ပြုကြောင်း အရှေ့တောင်အာရှ စာမေးပွဲများဋ္ဌာန ဒါရိုက်တာ Greg Selby က ပြောကြားခဲ့သည်။

ယခုနှစ်တွင် ဗြိတိသျှကောင်စီမှ ဒေသအဆင့် IELTS ပညာသင်ဆုကို ဒေသတွင်းမှ ထူးချွန် ကျောင်းသား ၅ ဦးအထိ တိုးချဲ့ကာ ချီးမြှင့်ခဲ့ပါသည်။ ယခုနှစ်တွင် ဒေသအဆင့် IELTS ပညာသင်ဆုကို ကိုးရီးယား၊ ဗီယက်နမ်၊ စင်္ကာပူ၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံများမှ ကျောင်းသားများ ရရှိခဲ့သည်။

ဒေသအဆင့် ပညာသင်ဆုများအပြင် နိုင်ငံအဆင့် ပညာသင်ဆုများအတွက် လျှောက်ထားသူများကို ယှဉ်ပြိုင်ရွေးချယ်ခဲ့ပြီး နိုင်ငံအဆင့် ထူးချွန်ကျောင်းသား ၂ ဦးအား ချီးမြှင့်ခဲ့ပါသည်။

နိုင်ငံအဆင့် ပညာသင်ဆု ရရှိခဲ့သူ ကိုထင်ကျော်သူမှ IELTS ကို နှစ်စဉ်ထောင်ချီ၍ ဖြေဆိုလျှက်ရှိသော ကျောင်းသားများ ရှိပြီး ဤဆုအတွက် အရွေးခံခဲ့ရခြင်းကြောင့် အလွန်ဂုဏ်ယူမိကြောင်း၊ ဤ IELTS ပညာသင်ဆုသည် ၎င်း၏ အိပ်မက်များ ကို အကောင်အထည်ဖေါ်ရန် ယုံကြည်မှုများ ရရှိခဲ့စေသဖြင့် ကျေးဇူးတင်ကြောင်း ပြောကြားသွားခဲ့သည်။

IELTS ၏ တရားဝင် စာစစ်ဋ္ဌာနအနေဖြင့် ဗြိတိသျှကောင်စီမှ IELTS စာမေးပွဲဖြေဆိုရန် ပြင်ဆင်နေသော ကျောင်းသားများ အား Road to IELTS ကဲ့သို့သော အွန်လိုင်းလေ့ကျင့်ခန်းများ အပါအဝင် အခြား လေ့ကျင့်ခန်း အထောက်အကူပြု ပစ္စည်းများဖြင့်လည်း ပံ့ပိုးလျှက်ရှိပါသည်။

ထို့ပြင် IELTS စာမေးပွဲကို တစ်လလျှင် (၃) ြကိမ် ကမ္ဘာ့နေရာအနှံ့အပြားတွင် ကျင်းပပေးခြင်းဖြင့် ကျောင်းသားများ အတွက် စာမေးပွဲရက် ရွေးချယ်မှုကို ပိုမိုလွယ်ကူစေပါသည်။
စာမေးပွဲအကြောင်း ပိုမိုသိရှိရန် http://www.britishcouncil.org.mm/  သို့ဝင်ရောက်၍ကြည့်နိုင်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly