မီးလောင်မှုဖြစ်သည့် ခရီးသည်တင်ယာဉ်မှ ယာဉ်မောင်းအား အမှုဖွင့်ထား

မီးလောင်မှုဖြစ်သည့် ခရီးသည်တင်ယာဉ်မှ ယာဉ်မောင်းအား အမှုဖွင့်ထား

ညောင်ဦး ၊ ဧပြီ ၂၃ ။             ။ မန္တလေးတိုင်း ညောင်ဦးမြို့နယ် ညောင်ဦး - ပခုက္ကူ ကားလမ်း ဧရာဝတီတံတားထိပ်တွင် ဧပြီလ ၂၂ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည့် ခရီးသည်တင်ယာဉ်မောင်းနှင်သူအား အမှုဖွင့်ထားကြောင်း ညောင်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ရန်ကုန်မှ ပခုက္ကူသို့ မောင်နှင်းလာသည့် ခရီးသည်တင်ယာဉ်သည် ညောင်ဦးမြို့နယ် လက်ပံခြေပေါ် ကျေးရွာအနီးတွင် အင်ဂျင်ခန်းမှ အပူအရှိန်လွန်ကဲကာ မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ညောင်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ ရဲအရာရှိက ဆိုသည်။

"မီးလောင်မှုဖြစ်ပွားတာက ပခုက္ကူ -ရန်ကုန် ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ် မှန်လုံကားတစ်စီးပါ။ လူ ၄ ဦး ပါတယ်လို့ သိရပါတယ်။ လူတွေ ထိခိုက်တာ တော့မရှိပါဘူး"ဟု ညောင်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ၎င်းခရီးသည်တင် မီးလောင်မှုတွင် ပျက်ဆီးရှုံးဆုံးမှုတန်ဖိုးအား ရသိန်းကျပ် သတ်မှတ်ထားသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါ ခရီးသည်တင်ယာဉ် မီးလောင်မှု နှင့် ပတ်သက်၍ ယာဉ်အား မဆင်မခြင် မောင်းနှင်သည့် ယာဉ်မောင်းဖြစ်သူအား (ပ)၁၀/၂၀၁၇ရာဇသတ်ကြီးပုဒ်မ ၂၈၅ အရ ညောင်ဦးမြို့နယ် လက်ပံခြေပေါ် ရဲကင်းစခန်း စခန်းမှူး ရဲအုပ် လင်းလင်းထိုက်မှ တရားလိုပြုလုပ်၍ အမှုဖွင့်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly