ချယ်လ်ဆီးအသင်းအတွက် ဂုဏ်ယူသော်လည်း မိမိတို့အသင်း ပွဲကို စိုးမိုးနိုင်ခဲ့သည်ဟု စပါးနည်းပြပြော

ချယ်လ်ဆီးအသင်းအတွက် ဂုဏ်ယူသော်လည်း မိမိတို့အသင်း ပွဲကို စိုးမိုးနိုင်ခဲ့သည်ဟု စပါးနည်းပြပြော

ဧပြီ ၂၃၊ အင်္ဂလန် ။  ။အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲစဉ်တွင် ချယ်လ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့ရပြီးနောက် စပါးနည်းပြ ပိုချက်တီနိုက ချယ်လ်ဆီးအတွက် ဂုဏ်ယူသော်လည်း မိမိတို့အသင်းက ပွဲကို စိုးမိုးနိုင်ခဲ့ကြောင်း ပြောဆိုလိုက်သည်။

ထိုပွဲစဉ်တွင် ချယ်လ်ဆီးအသင်းသည် စပါးအသင်း၏ဂိုးပေါက်ကို ငါးကြိမ်သာခြိမ်းခြောက်နိုင်ခဲ့သော်လည်း လေးဂိုးရရှိအောင် သွင်းယူသွားနိုင်ခဲ့သည်။

'ချယ်လ်ဆီးအသင်းအတွက် ဂုဏ်ယူပါတယ်။ ကျွန်တော်တို့အသင်းက ပွဲကိုစိုးမိုးနိုင်ခဲ့ပေမယ့် ချယ်လ်ဆီးက ကျွန်တော်တို့ထက်ပိုပြီး ထိရောက်အောင်ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့အသင်း အကောင်းဆုံးကစားနိုင်ခဲ့တဲ့အတွက်တော့ ဂုဏ်ယူပါတယ်' ဟု ပိုချက်တီနိုက ဆိုသည်။

ချယ်လ်ဆီးအသင်းကို အက်ဖ်အေဖလားတွင်ရှုံးနိမ့်ခဲ့ရခြင်းကြောင့် စပါးအသင်း၏ ပရီးမီးယားလိဂ်ချန်ပီယံမျှော်လင့်ချက်ထိခိုက် လာနိုင်သည်ဟု ပြောဆိုမှုများရှိနေသော်လည်း ပိုချက်တီနိုက အကောင်းဆုံးရှေ့ဆက်သွားမည်ဟု ဆိုသည်။

'အခုလုပ်ရမယ့် တစ်ခုတည်းသောနည်းလမ်းက ရှေ့လာမယ့်ပွဲတွေကို အာရုံစိုက်ဖို့ပါ။ လက်ရှိမှာ ချယ်လ်ဆီးနဲ့ လေးမှတ်ကွာနေပေမယ့် ကျွန်တော်တို့ လုပ်ရမှာက လာမယ့်ပွဲကို အနိုင်ရအောင် ကစားဖို့ပါပဲ။ ဒီရာသီမှာ အက်ဖ်အေဖလားကို ရယူနိုင်ခြင်းမရှိတော့ပေမယ့် နောက်ရာသီမှာ ရရှိဖို့ ကြိုးစားသွားမှာပါ' ဟု ပိုချက်တီနိုက ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags